YOYARLAY
Movie Review:The Amazing Spider Man
Amazing Spider Manမင်္ဂလာပါ။  ဒီတစ်ပတ် Sunday လေးမှာ ပရိတ်သတ်ကြီးအားလုံး ပျော်ရွှင်
ခဲ့ကြလိမ့်မယ်လို့ ထင်ပါတယ်။ ရိုးရာလေး ကတော့ လုပ်ဖော်ကိုင်ဖက်တွေနဲ့  ရုပ်ရှင်သွားကြည့်ဖြစ်တယ်။ The Amazing Spider Man" စပိုက်ဒါ မဲန်း ရုပ်ရှင် အသစ်ပါ ။ အရင်အဟောင်း ကိုထပ်ပြီး Comic ထဲက အတိုင်း ပြန်ရိုက်ထားတာဖြစ်ပါတယ်။ ရန်ကုန် မြို့ ထဲ ကရုံ တော်တော်များများ မှာတင်နေပြီလို့ ထင်ပါတယ် ရိုးရာလေးကတော့ ရှေ့ ဆောင်မှာ ကြည့်ခဲ့တာပါ။ 
ဇာတ်လမ်း ကအရင် Spider ကားနဲ့ လုံးဝမတူပဲ နေရာတော်တော်များများ မှာဇာတ်အိမ်များ ပြောင်းလဲထားပြီး အချို့ နေရာတွေမှာ လုံးဝကို မတူတော့တာတွေ ကို တွေ့ ရပါတယ်။ ဥပမာ ပီတာပက်ခ်ကား ကို ပင့်ကူ ကိုက်တဲ့ နေရာက လေ့လာရေးခရီးတစ်ခုမှာ ဆိုပေမယ့် အရင် ဇာတ်လမ်းက လို  ကိုက်ခံရတာမျိုးမဟုတ်ပဲ ယုတ္တိပို ရှိလာပါတယ်။ ဒါ့အပြင် အရင်ကားက လို မင်းသားက မင်းသမီးကို တစ်ဖတ်သတ် လိုက်ကြိုက်တာ မျိုးမဟုတ်တော့ ပဲ Romance ဆန်တဲ့ အခန်းမျိုးတွေ အများကြီးပါလာပါတယ်။ တစ်ကားလုံးကို Microsoft က စပွန်ဆာ ပေးထားသလား အောင့်မေ့ရတယ် (ဥပမာ Transformer ကား ဆို ရင် Lenovo က ကွန်ပျူတာ တိုင်းကို သူတို့ တံဆိပ်နဲ့ စပွန်ဆာပေးထားပါတယ်) ပတ်ကားသုံးတဲ့ Search Engin,OS အားလုံးက bing, Window7 ဖြစ်နေပါတယ်။ သုံးတဲ့ဖုန်းလေးက အစ Window Phone လေးဖြစ်တဲ့ Nokia တံဆိပ်လေးပါ။ အခု ကားက ပတ်ကားက အရင်ကလို သိပ္ပံပညာကို မြတ်နိုးနေတုန်းဆိုပေမယ့် ပိုပြီး တီထွင်မှူ လေးတွေ လုပ်ထားတာကိုတွေ့ ရပါတယ်။ Police Scanner တို့ ဘာတို့ လို Gadget လေးတွေ ပင်ကူ့ ပစ်တဲ့ ကိရိယာ လို ကိုယ့်စွမ်းအားကို သိပ္ပံ ပညာနဲ့ ပေါင်းစပ်ထားတာ လေးတွေ အများကြီးတွေ့ ခဲ့ရပါတယ်။ 
အခြားအနေနဲ့ ကတော့ တီထွင်ကြံဆမှူလေးတွေ ပြီးတော့ စပိုက်ဒါမဲန်းရဲ့  Stress ကို တွန်းလှန်ပုံလေးတွေ အားလုံးဟာ သဘောဝကျ လက်တွေကျလွန်းလှပါတယ်။ ကဲ အသေးစိတ်ကိုတော့ ဇာတ်ကားလေး ထဲမှာပဲ ကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်။ 
အောက်ကပုံလေးကို Save ပြီးတော့ Wallpaper လုပ်ဖို့ လက်ဆောင်အဖြစ်ရှယ်ပေးလိုက်ပါတယ်။Amazing Spider Man
Image References:http://theamazingspiderman.com
ရိုးရာလေး
ကြော်ငြာများ