ယိုးဒယား ဝတ်စုံနဲ့ အမျိုး သမီးရေးရာ ပွဲမှာ ပါဝင်ခဲ့တဲ့ ကိုကြံ့ (ကျော်ကျော်ဗို) နဲ့ ပြောဖြစ်သမျှက-
“ကိုကြံ့တစ်ခါမှ သရုပ် ဆောင်လုပ်လာတာ Show မလျှောက် ဖူးဘူး။ ဒါပထမဆုံးပဲ လျှောက်တာ ပါ။ အခက်အခဲတော့ မရှိပါဘူး။ မြန် မာ အမျိုးသမီး တွေရဲ့ လက်ရှိဝတ်စား ဆင်ယင်မှုတွေအပေါ် ဘယ်လိုမြင်လဲ ဆိုတော့ ဒါကတိုးတက်လာတဲ့ ခေတ် နဲ့အညီ ယဉ်ကျေးမှုထိန်းသိမ်းတာက တစ်ဖက်၊ ခေတ်မီ ခေတ်ဆန်တာက တစ်ဖက်ပေါ့။ဒါကို လုံးဝခေတ်မမီရ ဘူးလို့ သွားတားဆီးပိုင်ခွင့်တော့မရှိ ပါဘူး။ အဲတော့ ရိုးရာမမေ့အောင် ဒီလို ပွဲလေးကျင်းပပေးတာကောင်းပါတယ်” ဆိုတဲ့ကိုကြံ့ကိုလက်ရှိအနုပညာသမား တွေရဲ့လူမှုရေးလှုပ်ရှားမှုတွေမှာ ဘယ် ကဏ္ဍက ပါဝင်လဲဆိုတော့-
“ပွဲတိုင်းတော့ ပါဝင်ဖြစ် ပါတယ်။ ကချင်ပွဲတုန်းကလည်း ပါ ဖြစ်တယ်။ ရခိုင်ပွဲတုန်းကလည်း ပါ ဖြစ်တယ်။ ခံစားချက်က မိသားစုတွေ လိုပါပဲ။ဒုက္ခရောက်နေတဲ့သူကို အဆင် ပြေတဲ့ ညီအစ်ကိုမောင်နှမတွေက ပြန် ကြည့်ရတော့မှာပေါ့။
ဖေးမယိုင်းပင်း မှုမရှိရင်အဆင်မပြေပါဘူး။ သူတို့တွေ က ကျွန်တော်တို့အတွက် ကျေးဇူးရှင် တွေပါပဲ။ ကျွန်တော်တို့ ဇူလိုင် (၂) ရက်နေ့ ဥရောပနိုင်ငံတွေ “နှင်းဆီ”နဲ့ သွားကမယ်။ ဒါက အငြိမ့်ပျက်လုံး အနေနဲ့ကတော့ လက်ရှိ Current ဖြစ် တဲ့ ပျက်လုံးမျိုးတွေ လှောင်ကြပြောင် ကြတာလေးတွေတော့ ရှိပါတယ်။ ပုံသေကားချပ်ကြီးတော့ပြောလို့မရပါ ဘူး”လို့ဆိုပါတယ်။