YOYARLAY

သွားလေရာ အမြဲပါတဲ့ ပစ္စည်းရှစ်မျိုး

သွားလေရာ အမြဲပါတဲ့ ပစ္စည်းရှစ်မျိုးလူတိုင်း သွားလေရာမှာ ကိုယ်နဲ့မကွာ အမြတ်တနိုး ယူဆောင်သွားတဲ့ ပစ္စည်းလေးတွေ ရှိတတ်ပါတယ်။  ပြည်သူချစ် အနုပညာရှင်တွေရဲ့ အိတ်ထဲမှာရော သူတို့နဲ့ မခွဲတမ်း ယူဆောင်သွားလေ့ ရှိရာ ဘယ်လို ပစ္စည်းလေးတွေ ဖြစ်မလဲဆိုတာ 8 DAYS ပရိသတ်ကြီးလည်း သိချင်မှာပဲလို့ ယူဆမိတာကြောင့် ဒီကဏ္ဍလေးကို Celeberity တွေနဲ့အတူ 8 DAYS က တင်ဆက်လိုက်ပါတယ်။

ဒီတစ်ပတ်မှာတော့ ကြော်ငြာရိုက် သွားတော့မယ့် ရတနာဖြူဖြူအောင်ရဲ့ အိတ်ထဲမှာ ဘာတွေ ပါမလဲဆိုတာ ကြည့်လိုက်ကြရအောင် . . .

ဖုန်း

တံဆိပ်က HUAWEI 6800 ပါ။ Mobile King ဆိုင်က ဝယ်ထားတာပါ။ ဖုန်းက အလုပ်အတွက်နဲ့ ဆက်သွယ်ရေးအတွက် အဆင်ပြေလို့ မရှိမဖြစ် ပါတယ်။

မျက်မှန်

မျက်မှန်က အမေရိကန်ဗွီးရှင်းက ဝယ်ထားတာပါ။ ပါဝါမျက်မှန် အဝေးကြည့်ပါ။ မျက်စိကြည့်ရတာ မကောင်းရင် ပြောင်းတပ်ဖို့ အမြဲပါတယ်။

Tissue

Tissue က ချွေးထွက်ရင် သုတ်ဖို့ အမြဲပါတယ်။ တံဆိပ်အစွဲတော့ မရှိပါဘူး။ အဆင်ပြေတာကို သုံးတယ်။

Perfume Lotion

တံဆိပ်က Victoria' Secret Love Rock တံဆိပ်ပါ။ အစာစားပြီးရင်ပဲ ဖြစ်ဖြစ် လိမ်းလိုက်ရင် အနံ့မထွက်တော့လို့ ဆောင်ထားတာပါ။

ရှူဆေး

တစ်ခါတလေ အဘထ ရှူတယ်။ တရုတ်ရှူဆေးဘူးလည်း သုံးတယ်။  Living Mall က ဆေးဆိုင်မှာ ဝယ်ဖြစ်တာ များတယ်။ ဇက်ကြောတက်လို့ ကားမူးတတ်လို့ ဆောင်ထားတာပါ။

ဘောပင်နဲ့ စာအုပ်

အကြောင်းအရာ တစ်ခုခု ရှိလာရင် ရေးမှတ်တယ်။ သီချင်းတွေ ရေးတယ်။ အဲဒါကြောင့် ဆောင်ထားတာပါ။ အလုပ်ကိစ္စတွေလည်း မှတ်ထားတယ်။

ယပ်တောင်

ကျောက်ကုန်းဘက်က ဂျပန်ဆိုင်လေး တစ်ဆိုင်က ဝယ်ထားတာပါ။ ပူရင်သုံးဖို့ အမြဲ ဆောင်ထားတာပါ။

ခေါင်းစည်းကြိုး

Unique Collection ဆိုင်က ဝယ်ထားတာပါ။ ချွေးထွက်ရင် ရိုက်ကွင်းမှာ စည်းထားဖို့ တပ်ထားတာပါ။ ဆံပင်စည်းဖို့ပေါ့။

8 Days

ကြော်ငြာများ