YOYARLAY

ခွေငှားနှုန်း၊ ဆိုင်တက်နှုန်းတွေကျတယ်၊ နယ်ကြွေးတွေ တက်နေတယ် - အကယ်ဒမီ မို့မို့မြင့်အောင်

ခွေငှားနှုန်း၊ ဆိုင်တက်နှုန်းတွေကျတယ်၊ နယ်ကြွေးတွေ တက်နေတယ် အကယ်ဒမီ မို့မို့မြင့်အောင်ခွေငှားနှုန်း၊ ဆိုင်တက်နှုန်းတွေကျတယ်၊ နယ်ကြွေးတွေ တက်နေတယ်

အကယ်ဒမီ မို့မို့မြင့်အောင်လူတစ်ဦးရဲ့ အတွေးအခေါ် ထင်မြင်ယူဆချက်တွေ အပေါ်မှာ အလေးအနက်ထားပြီး နားထောင်တတ်ဖို့လည်း လိုအပ်ပါတယ်။  အထူးသဖြင့် ပြည်သူကိုချစ်ကြတဲ့ အနုပညာရှင်တွေနဲ့၊ အနုပညာရှင်တွေကို ချစ်ကြတဲ့ ပြည်သူတွေရဲ့ကြားမှာ အပြန်အလှန်ပေးချင်တဲ့ Knowledges တွေရှိကြမှာ မလွဲပါဘူး။ မီဒီယာတွေရဲ့ ထုံးစံအတိုင်းပဲ ဘယ်လိုအကြောင်းအရာတွေကို ပရိသတ်တွေသိအောင် ပြောကြားချင်လဲလို့ အနုပညာရှင်တွေကို မေးမြန်းကြည့်တဲ့အခါ . . . သူတို့က ဒီလို ပြောကြားခဲ့ပြန်ပါတယ် . . .မမို့တို့ဆီမှာ တချို့တစ်ဝက်က ပိတ်ဆို့တုန်းပဲ၊ အဲဒါက ခိုးကူးခွေတွေ။ နောက်ပြီး အလုပ်တစ်ခုမှာ အဆင်မပြေတာက ခွေငှားဖို့ကိစ္စမှာ Sky Net တို့၊ MRTV 4၊5 movie တို့မှာ ရုပ်ရှင်တွေ လာတဲ့အခါကျတော့ ခွေအားနှုန်းတွေက ကျဆင်းကုန်တယ်။ မမို့တို့ထက်ကို တခြား Supporting သရုပ်ဆောင်တွေဆိုရင် ပိုနစ်နာကြတာပေါ့။ သူတို့မှာ ဝင်ငွေအားလေးက ဘာမှ မှီခိုမှုမရှိလှဘူးလေ။ သူတို့ တောင်းဆိုမှုလေးတွေက ဖြည့်သင့်ပြီလို့ထင်တယ်။  အစစအရာရာ ပြောင်းလဲတိုးတက်လာပြီဆို ရုပ်ရှင်လောကကိုလည်း ပြောင်းလဲ တိုးတက်စေချင်တယ်လေ။ အဲဒါကမမို့ရဲ့ ရုပ်ရှင်လောကအပေါ် အမြင်လေးပေါ့။ International အဆင့် ရောက်ဖို့ဆိုတာ ကိုယ့်မြန်မာပြည်ထဲက ကိုယ့်ပညာရှင်တွေ အားလုံးကို အကုန်ယုံကြည်တယ်။ အဲဒီလို စက်မှုကဏ္ဍတွေကို တိုးတက်စေချင်တယ်။ ခုနပြောသလို ကိုယ့်ပြည်တွင်းမှာကို ကိုယ့်ပရိသတ်တွေက ကိုယ့်ကိုအားပေးပြီးတော့ မင်းသားမင်းသမီးတွေ အားလုံးကို International တက်နိုင်လောက်တဲ့အထိ အားပေးစေချင်တယ်။ ခုတော့ ခိုးကူးခွေတွေနဲ့ ဒီဟာက ဒီလိုနဲ့ဟိုဟာက ဟိုလိုနဲ့ဆိုတော့ မမို့တို့မှာ အားနည်းလျော့ပြီးတော့ ခွေငှားနှုန်းတွေ ကျတယ် ဆိုင်တက်နှုန်းတွေကျတယ်။ နယ်တွေက အကြွေးတွေတက်ကြတယ်။

8 Days

ကြော်ငြာများ