ဒီနေ့ အချိန်ထိ သီချင်းတွေ ဆိုရင်း ဘဝကို ဖြတ်သန်းနေသူ ချောစုခင်က မြန်မာတို့ရဲ့ နှစ်သစ်ကူး သင်္ကြန်ပွဲတော် ရက်တွေ မှာလည်း သီချင်းတွေ ဆိုရင်း ဖြတ်သန်း ခဲ့တယ် လို့ ဆိုပါတယ်။
အတွဲခွေပေါင်းများစွာ မှာ ပါဝင်သီဆိုထားတဲ့ ချောစုခင်ကို တစ် ကိုယ်တော်အခွေအတွက် ပြင်ဆင်နေ ပြီလားဆိုတော့ "အစ်မ သီချင်းလေး တွေတော့ စုနေပါတယ်။ ထွက် နိုင်အောင် တဖြည်းဖြည်းနဲ့ ကြိုးစား ပါမယ်" လို့ ဆိုသွားပါတယ်။
မချော စုခင်ရဲ့လက်ရှိမိသားစုဘဝအကြောင်း မေးကြည့်တော့- "အစ်မက မိသားစု အတွက် တတ်နိုင်သလောက် အချိန် ပေးဖြစ်တယ်။ အစ်မရဲ့ အမျိုးသား လည်း ရှိနေတဲ့အခါကျတော့ ကလေး အတွက်လည်း အိမ်မှာနေရင်း သမီးတို့ ရဲ့ အလိုကိုလိုက်ပြီး အားတဲ့အချိန် ခရီးထွက်ဖြစ်တာရှိတယ်။
အဲလို မထွက်ဖြစ်ရင်တောင် အစ်မတို့က တစ်ခုခုလုပ်ပေးတယ်။ ဟိုတလော ကတောင် ပြင်ဦးလွင်သွားကြသေး တယ်။ အခုတလောတော့ အပြင် သိပ်မထွက်ပေမယ့် ညဘက်တွေမှာ မိသားစုလိုက် မုန့်သွားစားတာတွေ ဘာတွေတော့လုပ်ကြတယ်။
သမီး တွေကိုတော့ အစ်မက သူတို့ရဲ့ ဝါသနာဗီဇနဲ့ သူတို့ဘာလုပ်ချင် သလဲဆိုတာ ပေါ်မူတည်တယ်။ ဒါပေမယ့် သူတို့ကို ပညာရေး ဦးစား ပေးစေချင်တယ်။ အခုလည်း သူတို့ ကျောင်းပိတ် သွားတော့ Summer ကျောင်းလေးတွေ ဆက်တက်နေ ကြတယ်"လို့ သူ့မိသားစု အကြောင်းကို ပြောသွားပါတယ်။