YOYARLAY

ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိ ရိုက်ကူးရန် ဒေါ်အောင်ဆန်းစုကြည်နှင့် ပြင်သစ်သံရုံးမှ တာဝန်ရှိ သူများ တွေ့ဆုံမည်

ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိ ရိုက်ကူးရန်  ဒေါ်အောင်ဆန်းစုကြည်နှင့် ပြင်သစ်သံရုံးမှ တာဝန်ရှိ သူများ တွေ့ဆုံမည် ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိရုပ်ရှင် ရိုက်ကူးရာတွင် ပူးပေါင်းဆောင် ရွက်ရန် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်၍ ဗိုလ်ချုပ် ရုပ်ရှင် ဖြစ်မြောက်ရေး အဖွဲ့နှင့် ပြင်သစ် သံရုံးမှ တာဝန်ရှိ သူများ တွေ့ဆုံရန် စီစဉ်လျက်ရှိကြောင်း ၂၈-၃-၂၀၁၂ ရက်က သိရသည်။

“ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိ ရိုက်ကူးဖို့ကို ပြင်သစ်သံရုံးကလည်း ကူညီဖို့ ပြောထားတယ်။ အဲဒီအတွက် အမေစုနဲ့ ပြင်သစ်သံရုံးက တာဝန်ရှိ သူတွေ တွေ့ဖို့ ရှိတယ်။ ဒါပေမဲ့ အခု ရွေးကောက်ပွဲကာလ ဆိုတော့ ရွေးကောက်ပွဲ ပြီးဆုံးသွားမှပဲ တွေ့ဖို့ လုပ်ရမယ်” ဟု ဗိုလ်ချုပ်ရုပ်ရှင် ဖြစ်မြောက်ရေး အဖွဲ့ ပြန်ကြားရေးမှူး ဒါရိုက်တာ ကြည်ဖြူသျှင်က ပြောကြားသည်။

ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိ ဗိုလ်ချုပ်နေရာတွင် သရုပ်ဆောင်ရန် ပဏာမအနေဖြင့် ၁၄ ဦးကို ရွေးချယ်ထားပြီး ဖြစ်ကြောင်း၊ ဒေါ်ခင်ကြည်နေရာ သရုပ်ဆောင်ရန် အတွက်လည်း သရုပ်ဆောင် လျှောက်လွှာများ ခေါ်ယူထားကြောင်း၊ ဇာတ်ညွှန်းရေးသားရန် အတွက်လည်း သမိုင်း သုတေသီ များဖြင့် တွေ့ဆုံ ရန် စီစဉ်ထားပြီး ဗိုလ်ချုပ်မိန့်ခွန်း ဓာတ်ပြားများအား အသံပိုင်းဆိုင်ရာ ပြင်ဆင်ရန် ဒါရိုက်တာဇာဂနာက မလေးရှားသို့ သွားရောက် မည် ဖြစ်ကြောင်း၊ ဗိုလ်ချုပ်ရုပ်ရှင်ကို ၂၀၁၃ ခုနှစ်တွင် ရိုက်ကူးမည်ဖြစ်ပြီး ၂၀၁၅ တွင် ပြသမည် ဖြစ်ကြောင်း သိရသည်။

နှင်းနုဝေ

Pyi Myanmar

ကြော်ငြာများ