ဖူးစာရေး နတ် ဆိုတာ ကျွန်တော် ကြားဖူးသည်။ ကျွန်တော် ဖူးစာရေး နတ်ကို မသိပါ။ မြှားနတ် မောင်ဟု သူ့ကိုခေါ်ကြသည်ကို တော့ကျွန်တော်သိသည်။ ပန်းချီ ဆရာများ ပုံဖော်ထားသည့် အတိုင်း ဆိုလျှင် ထိုဖူးစာရေးနတ်သည် ကျွန်တော့်လိုပင်ကြည့်၍ကောင်း မည်မထင်ပါ။ အရပ်ကပုပု၊ သူ့ ခေါင်းပေါ်တင်ထားသည့် အချွန် လေးနှင့်သူ့လက်တစ်ဖက် မှာလေး ကိုင်းတစ်ခုကိုင်ထား၍ လက် တစ်ဖက်မှာ မြှားတစ်ချောင်းကိုင် ထားတတ်သည်။
ထိုပုံကို မြှား နတ်မောင်ခေါ်လျှင်တော့ စာအုပ် တွေထဲမှာ သူ့ကိုကျွန်တော်မြင်ဖူး တွေ့ဖူးပါသည။် မြှားနတ်မောင်ထက်နှိုင်းစာလျှင် ကျွန်တော်က အရပ်ကရှည်တာသူ့ထက့်  အချက်တစ်ချက်ဖြစ်နေမှာပါ။ ဖူးစာရေးနတ်သည် အသား ဖြူ၊ မဖြူကို ကျွန်တော်မသိပါ။ ကျွန်တော်အသားမဖြူပါ။အသား ညိုညို၊ရုပ်ရည်မချော၊ယောကျာ်း တစ်ယောက်အနေနှင့်သင့်တော် သည့် ခန္ဓာကိုယ်ဖွဲ့စည်းမှုကိုရရှိ ထား၍ ကျွန်တော် သူ့ထက်သာ သည်ဟုပြောရဲပါသည်။
ဒါပေမယ့် သူ့လက်ထဲမှာ ကိုင်ဆောင် ထားသောမြှားတံမှနေကျွန်တော့် ကိုပစ်လွှတ်လိုက်တာကိုခံလိုက် ရတာလား။ ကျွန်တော်မသိပါ။ ဖူးစာရေးနတ်ကိုလည်းကျွန်တော် မမြင်လိုက်ရပါ။ ကျွန်တော့်ဘယ် ဖက်ရင်ဝမှာမမြင်နိုင်သောမြှားတစ် စင်းစူးဝင်နေခဲ့တာကိုတော့ ကျွန် တော်အသေအချာသိလိုက်ပါသည်။ နေ့လည်ခင်းက ကျွန်တော် ဘယ်တွေကိုသွားခဲ့တယ်ဆိုတာ ကျွန်တော် သေချာပြန်မစဉ်းစား တော့ပါ။
တစ်ညတာကျော်လွန် ဖို့အတွက် အိပ်စက်ရဦးမည်ဟု ကျွန်တော်ရည်ရွယ်ထားပါသည်။ အိပ်စက်ခြင်းသည် အနားယူခြင်း ဆိုတာမှန်သလား၊မှားလားကျွန် တော်မသိပါ။ ကျွန်တော်ရရှိ ထားသောခန္ဓာကြီးသည်တစ်ည တာသေဆုံးသွားသကဲ့သို့ဖြစ်နေ ဦးမည်။ ကျွန်တော့်စိတ်ဆန္ဒ တို့သည်ကမ္ဘာပတ်၍ဟန်းနီးမွန်း ထွက်နေမည်လား။
ဒုက္ခတွေ စုဆောင်း၍နေမည်လား ကျွန် တော်မသိတတ်ခဲ့ပါ။ ည၏သရုပ်ကိုဖော်နေသော ညသည် မည်းမှောင်၍နေသည်။ လပြည့်ကျော်တစ်ဆယ့်သုံးရက် သည်ကမ္ဘာကြီးကိုတူတူပုန်းတမ်း ကစားသည့်ရက်စွဲများဖြစ်လိမ့်မည်။ ကျွန်တော် အိပ်တော့မည်။ ကျွန်တော့်အခန်းမှာ အိပ်ဖို့ကြံ ရွယ်တိုင်း ချက်ချင်းအိပ်မပျော် နိုင်ခဲ့တာ နှစ်နှစ်ကျော် ရှိခဲ့ပြီ။ ချစ်သူညီမလေးကိုကျွန်တော်နှင့် ရင်းနှီးဆုံဆည်းပေးခဲ့သည့် မြှား နတ်မောင်(ခေါ်) ဖူးစာရေးနတ် ရေးဆွဲခဲ့သည့် ပန်းချီကားချပ် တွေကြောင့် အစပြုခဲ့တာလား ကျွန်တော်မသိပါ။
ပန်းချီကားတွေထဲမှာ ချစ် သူ ညီမလေးနဲ့ကျွန်တော် ရွှေ တချောင်းမြောင်းဘောင်ဘေးမှာ ရတနာပုံဥယျာဉ်ထဲမှာ၊ ရှစ်ဆယ့် တစ်လမ်းပေါ် အဆောင်ဘေးက အမှောင်ရိပ်လေးထဲမှာ အာဒံနဲ့ ဧဝတို့အကြောင်း၊ ရှင်မွှေးလွန်းနဲ့ မင်းနန္ဒာတို့အကြောင်း၊ ဥမ္မာဒန္တီ နဲ့ သိဝိမင်းအကြောင်း၊ ကိန္နရီ မယ်လေးဒွေးမယ်နော်နဲ့သုဒနု မင်းသားလေးအကြောင်း၊ ရွှေ အိမ်စည်မင်းသမီးလေးနဲ့ပဋိက္ခရား မင်းသားလေးအကြောင်း အချစ် နဲ့ပတ်သက်သမျှတွေ အများကြီး ပြောခဲ့ဖူးသည်။
မန္တလေးမြို့ကြီး ကို နှစ်ယောက်အတူတူစက်ဘီး လျှောက်၍စီးခဲ့ဖူးသည်။ မဟာ မြတ်မုနိဘုရားကြီးကို ချစ်သူညီ မလေးနှင့်အတူ တစ်ခါဘုရားဖူး ရောက်ခဲ့ဖူးသည်။ ဝင်းလိုက်ရုပ် ရှင်ရုံမှာ တစ်ခါရုပ်ရှင်ကြည့်ခဲ့ဖူး သည်။ ကျွန်တော်အိပ်တော့မည်။ ကျွန်တော် အိပ်မပျော်သေးပါ။ သန်းခေါင်ယံအချိန်မှာ အိပ်မနေ သောသူတွေ ဘယ်သူတွေရှိကြ ဦးမှာလဲမသိပါ။ လိမ်းထိပ်က ကင်းသမားတွေလည်းအိပ်ကြပြီ။ ချစ်သူညီမလေးလည်း ခုချိန်ဆို အိပ်ပျော်နေလောက်ပြီ။ ချစ်သူ ညီမလေးအိပ်မက်çမက်ချင်မက် နေလိမ့်မည်။ ထိုအိပ်မက်ထဲ ကျွန်တော်ပါ“မပါ ကျွန်တော်မ သိပါ။ ရွာငယ်လေး တစ်ရွာမှာ ကလေးငယ်တွေကို စာသင်နေ သည်ကို ညီမလေးအိပ်မက်ထဲ မှာ မြင်မက်၍ နေမည်လား။
ကျွန်တော့်ကို မုန်းတယ်မုန်းတယ် ဆိုပြီး ငြင်းဆန်နေမှာလား။ ကျွန် တော့်လိုပဲ ညီမလေးက ကျွန် တော့်ကို သိပ်ချစ်ပါတယ်ဆိုပြီး ကျွန်တော့်ရင်ခွင်ထဲမှာ ရှိနေမှာ လား။ ကျွန်တော်သိချင်သည်။ ညသည် တိတ်ဆိတ်သည် ထက် တိတ်ဆိတ် လာသည်။ လမ်းထိပ်ခေါက်ဆွဲဆိုင်က ဦး ကြင်စွမ်၏ မပီမသအော်ဟစ်နေ သံလည်း မကြားရတော့ပါ။ လက် ဖက်ရည်ဆိုင်မှဖွင့်၍ နေသော ထွန်းအိန္ဒြာဗို၏သီချင်းသံကိုလည်း မကြားရတော့ပါ။ ရုပ်မြင်သံကြား မှ ထက်ထက်မိုးဦးနှင့်စိုးမြတ်နန္ဒာ တို့သရုပ်ဆောင်နေသော ကြော် ငြာ သီချင်းသံများသည် လည်း မကြားရတော့ပါ။ ကျွန်တော်အိပ်တော့မည်။ ကျွန်တော့်အိပ်ယာဘေးမှာ ရှုပ် ပွနေသည်။
စာဖတ်ရန်ဆောင် ထားသော ခြောက်ဗို့ဘတ္ထရီအိုး လေးတစ်လုံးနှင့် မီးသီးအသေး လေးတစ်လုံးရှိသည်။ နှိုးစက်ပေး ၍ရသော နာရီပျက်လေးတစ်လုံး ရှိသည်။ ဒဂုန်ဦးစန်းငွေရဲ့“သော တပန်နှင့်ယထာဘူတ”စာအုပ်တစ် အုပ်ရှိသည်။ဝိပဿနာကမ္မဌာန်း တရားစာအုပ်တစ်အုပ်ရှိသည်။ ဒဂုန်တာရာရဲ့ “မေ”ဝတ္ထုရှိသည်။ ကြည်အေးရဲ့ “တမ်းတတတ် သည်” ရှိသည်။ မြသန်းတင့်ရဲ့ “စစ်နှင့်ငြိမ်းချမ်းရေး”ရှိသည်။ မောင်သာနိုးရဲ့ “ထင်းရှူးပင်ရိပ်” ဘာသာပြန်ကဗျာစာအုပ်ရှိသည်။ မဂ္ဂဇင်းထဲမှ မိတ္တူကူးယူထား သော ပီကာဆိုရဲ့ပန်းချီကားတစ် ချပ်ကို နံရံမှာ ချိတ်ဆွဲထားတာ ရှိသည်။
ပလေတိုရဲ့ စာတိုလေး တစ်ခုမြေဖြူနဲ့ရေးခြစ်ထားတာရှိ သည်။ အိန်စတိန်းရှိသည်။ ဟစ် တလာရှိသည်။ ဂျွန်ရပ်စကင်းရှိ သည်။ ကျွန်တော့်ခေါင်းရင်းမှာ အဖေနဲ့အမေတွဲ၍ရိုက်ထားသော ဓာတ်ပုံတစ်ပုံရှိသည်။ ပြီးတော့ ဖွားဦးဇွန်းရဲ့ဓာတ်ပုံကိုပါ ချိတ်ဆွဲ ၍ထားသည်။ အိပ်ယာပေါ်မှာ အိပ်ယာနှင့် မိတ်ဆွေမဖြစ်ချင် သော ကျွန်တော်ရှိသည်။ အိပ်ယာ၏ အပေါ်တည့် တည့်မှ အိမ်မြှောင် စုတ်ထိုးသံ သည်ဆူညံလွန်းသည်ထင်သည်။
ကျွန်တော်၏ အတွေးစများ သည်လည်း ဟင်းလေးအိုးကြီး လိုဗရပွဖြစ်၍နေပြီလား။ ကျွန် တော် မပြောတတ်ပါ။ ကျွန် တော်အိပ်တော့မည်။ ခုချိန်ထိ ကျွန်တော်အိပ်မပျော်နိုင်သေးပါ။ ကျွန်တော်စာအုပ်များကို စု ဆောင်းရတာ ဝါသနာပါသည်။ ရေဒီယိုကက်ဆက်အပျက်များ၊ လျှပ်စစ်ပစ္စည်းအပျက်များပြုပြင် ရသည်ကိုဝါသနာပါသည်။ တစ် ခါတလေ ဂီတာတစ်လက်နှင့် စိုင်းထီးဆိုင်၊ ခင်မောင်တိုးတို့၏ သီချင်းများသီဆိုချင်သည်။
ကို သန်းလှိုင်၏ “မေတ္တာကမ္ဘာမခြား လိုသူ” သီချင်းကို ကျွန်တော် ကြိုက်သည်။ အပြောအဆိုကြမ်း တမ်းသောကောင်မလေးတွေကို ကျွန်တော်မကြိုက်။ ခပ်ပေါ့ပေါ့ နေသော ယောကျာ်းလေးများ နှင့် ပလူးပလဲနေသော ကောင်မ လေးများကို ကျွန်တော်မကြည့် ချင်ပါ။ စိုးမြတ်နန္ဒာကိုကျွန်တော် ကြိုက်သည်။(ကျွန်တော့်ချစ်သူ ညီမလေးနှင့်မွေးနှစ်၊မွေးလတူသော ကြောင့်ဖြစ်ပါသည်။)ဒဏ္ဍာရီ ဇာတ်ကားကိုခဏခဏကြည့်ဖူး သည်။ နောက်ထပ်တစ်ခါ ကြုံ လျှင်လည်း ကျွန်တော်ထပ်၍ ကြည့်ချင်သေးသည်။ မြခြူသံ ဇာတ်ကားထဲက မြတ်လေးရဲ့ အနုပညာမာနကို ကျွန်တော် လေးစားသည်။
ဦးသာဓု၏အကြင် တို့လင်မယား၊ မောင်တင်ဦး၏ တိုက်ပွဲခေါ်သံ၊ ရိုမီယိုနှင့်ဂျူးလိ ယက်၊ တိုင်တန်းနစ်ရုပ်ရှင်ဇာတ် ကားတို့ကို ကျွန်တော်ကြိုက် သည်။ညစ်ညစ်ပတ်ပတ်ပြက်လုံး များကို ကျွန်တော်မကြိုက်ပါ။ မင်းသားနှင့်မင်းသမီးမြိုင်ထနှစ်ပါး သွားအကကိုကျွန်တော်ကြိုက် သည်။ ကျွန်တော်အိပ်တော့မည်။ ကျွန်တော်နေသော အခန်းမှာ ကိုယ်ပိုင်မီတာမရှိပါ။ ဘေးနား ကအိမ်မှ သွယ်တန်း၍ထားသော လျှပ်စစ်မီးလုံးတစ်လုံးရှိသည်။ ဘက်ထရီအိုလေး တစ်လုံးနှင့် ဖယောင်းတိုင်တစ်တိုင်ရှိသည်။ ဘက်ထရီအိုးလေးမှ ကလစ် လေးကို ကျွန်တော် ဖြုတ်ပစ် လိုက်သည်။
ကျွန်တော်အိပ် တော့မည်။ စောင်တစ်ထည်ကို တစ်ကိုယ်လုံးလုံအောင်ခြုံ၍ကွေး နေလိုက်သည်။ အားလုံးသည် လုံးဝမှောင်သွားသည်။ အမှောင်ထဲမှ ချစ်သူညီမ လေးကို သတိရနေမိသေးသည်။ မနက်ဖြန်ရောက်လျှင် ချစ်သူ ညီမလေးက သွားတက်ကလေး ပေါ်အောင် ကျွန်တော့်ကို ပြုံး ရယ်ပြနေမည်လား။ ကျွန်တော် သိချင်သည်။ ညီမလေး၏ညာ ဖက်မေးဖျားမှာ မှဲ့ကလေးရှိတာ ကျွန်တော်အသေအချာသိသည်။
ညီမလေးရင်ထဲမှာ ကျွန်တော့် အကြောင်းတွေရှိ၊ မရှိ ခုချိန်ထိ ကျွန်တော်မသိသေးပါ။ မနက် ဖြန် မနက်ဖြန်တွေမှာ ညီမလေး နှင့်အတူ ဘုရားအတူဖူးချင်သည်။ ရုပ်ရှင်အတူ ကြည့်ချင်သည်။ ညီမလေးကို ရိသဲ့သဲ့ လုပ်နေ သောသူတွေကို ခဲနှင့်ထုပစ်ချင် သည်။ ကျွန်တော့်ခေါင်းအုံး အောက်မှာ ညီမလေးရဲ့ ဓာတ်ပုံ လေးက လှပစွာပြုံးလျက်ရှိသေး သည်။ ကျွန်တော်အိပ်တော့ မည်။သို့သော်လည်း ယခုချိန်ထိ ကျွန်တော်အိပ်မပျော်သေးပါ။