အသီလေး မောင့်အပေါ် ထိန်ဝှက် မှုတွေ ရှိခဲ့ပါတယ် ဆိုရင် မောင်က ရင်နာ
ဦးမှာပဲလား။ အို မောင်ရယ်၊တကယ်တော့ဒါတွေ ဟာမောင့်ကို သီချစ်လို့ပါမောင်၊ သီမောင့်ကို ချစ်ခဲ့ရတာတွေပါ။ သီက မောင့်အတွက် အနစ်နာခံ တာပါဆိုပြီးမောင့်ကို ဖက်တွယ် ရက်တဲ့သီလေးလည်းမဟုတ်ဘူး မဟုတ်လားမောင်၊ မောင်တစ် ယောက်သီနဲ့နေရရင်စိတ်ချမ်းသာ မယ်၊ သီပြုံးရင်မောင်ပျော်တယ် ဆိုတော့သီလေးမောင်နဲ့နေရတာ ပေါ့။ သီငိုရင် မောင်ပါမျက်ရည် ကျတတ်တော့ သီဟာမောင့်ကို ငိုပြရက်ပါဦးမလား၊ သီ ပြုံးရ တယ်လေ။
“သီဟာ ရိုးရိုးကလေး နေ တဲ့အခါထက် ပြုံးရယ်ရင် ပိုချစ် ဖို့ကောင်းတယ်”လို့ မောင်ပြော ဖူးတဲ့စကား၊ ဝမ်းသာရွှင်လန်းနေ တဲ့ မောင့်မျက်နှာလေးကို သီက မမေ့၊ အစဉ်မှတ်ထားပြီးပါမောင်၊ ဒါကြောင့်လည်းလိုက်လျောတတ် တဲ့ သီက အစဉ်ပြုံးခဲ့တာပါပဲ။ ဒါပေမယ့်မောင်ရေ၊ ပြုံးနေတဲ့ အသီလေးရင်ထဲမှာ ဝမ်းနည်း ကြေကွဲ ယူကျုံးမရတာတွေကို မောင်မမြင်အောင်သိုသိပ်ထား ရတာက ပန်းလွန်းလိုက်တာရှင်၊ တစ်ခါတစ်ခါတော့မောင်ကရိပ်မိ လာတတ်ရော။
“ဟင် ...သီ မျက်နှာမ ကောင်းပါလား။ နေမကောင်းဘူး လား၊စိတ်မချမ်းသာလို့လားဟင်၊ မောင့်ကိုဖွင့်မပြောရက်တာတွေ ရှိလို့လားသီရယ်၊ မောင့်ကိုပြော ပါသီ၊မောင်သိပါရစေ” မောင်က တယုတယ စိုး၇ိမ် ဝမ်းနည်းသံကြီးနဲ့ မေးပြန်တော့ သီလေး ငိုချင်တာပေါ့မောင်၊ ဒါပေမယ့်လေ မောင့်ကို ချစ်တဲ့ မောင့်ရဲ့သီလေးက
“မောင်က ပိုပြီကွယ်၊ ဘယ် မှာ အသီလေး စိတ်ညစ်လို့လဲ ကြည့်ပါဦး၊ သီဖြင့် ပျော်လွန်းလို့ ပါ၊ပြုံးနေတာပဲမဟုတ်လား”
“သီ လိမ်တယ်။ သီမောင့် ကို လိမ်တတ်ပြီ၊ပျော်ရင်ဟောဒီ မျက်ခုံးကလေးနှစ်ဖက် ဘာလို့ရှုံ့ နေရတာလဲဟင်၊အဲဒါတစ်ခုခုကို တွေးပြီးစိတ်ညစ်နေလို့ပါသီရယ်၊ မောင်ဟာ သီ့ကိုဘယ်တော့မှ စိတ်ချမ်းသာမှု ပေးခဲ့တဲ့မောင် မဟုတ်ပါဘူး” “မောင်ရယ်၊ သီစိတ်မညစ် တာအမှန်ပါ။ သီမှန်မှန်ပြောမယ် နော်။ မောင်က ထမင်းစားပြီးရင် ထမင်းရေပူပူလေး ရေအစား သောက်တတ်တယ်ဆိုလို့အိမ်က ဆန်ကနည်းနည်းနီတယ်။ အနံ့ လည်းမကောင်းဘူး။ ဒါကိုဘယ် လိုလုပ်ရမလဲလို့ စဉ်းစားနေတာ ပါ။သီလိမ်မပြောပါဘူး၊ ယုံနော်” သီတစ်ခါကပြောမထွက်ခဲ့ တဲ့စကားကို အစားထိုးလိုက်ရ တယ်မောင်ရေ့။
“အို သီလေးရယ်၊ မောင့် ကို ဒီလောက်ချစ်ရသလား။ မောင်ရေလည်းသောက်ပါတယ်။ မောင်တော့သီပြောတာအားလုံး ယုံတယ်” သီလေး၊ သီ ဒီလိုလိမ်မိပြီး တဲ့အခါတိုင်းမောင့်ရင်မှာမျက်နှာ ဝှက်ပြီးရယ်လိုက်ခြင်းနဲ့မျက်ရည် တွေကိုထိန်းချုပ်လိုက်ရပါကော။ သီမှတ်ထားလိုက်ပြန်ပြီလေ။ သီ့မျက်ခုံးကလေးနှစ်ခု ခုနေတာ မောင်မကြည့်နိုင်ဘူး။ စိတ်မချမ်း မြေ့တဲ့ သီ့အသွင်ကိုရိပ်စားမိစေ နိုင်တယ်ဆိုရင်ပဲအသေးအဖွဲလေး ကစပြီးသီသတိထားရှောင်ကြဉ်ရ ပါတယ်။
မောင်မမြင်ပါစေနဲ့လို့၊ ဒီလိုနဲ့ သီတစ်ယောက် မျိုသိပ် ခံစားတတ်လာပါတယ်မောင်ရေ။ မောင်မကြိုက်တာ သီရှောင် တယ်ဆိုပေမယ့် သီ့ညာဉ်ဆိုး တစ်ခုကိုတော့ သီကြိုးစားဖျောက် ပစ်ရတယ်။ သီကအစားကိုစည်း မရှိဘူး။ အချိန်မရွေး စားတတ် တယ်။မဆာရင်လည်းတစ်ရက် လောက်တော့သီကမစားတော့၊ စားချင်ရင်လည်းရပ်မနားကိုး။ ဒါ ကိုမောင်ကပြောရှာတယ်။
“သီ စားတာတွေ ဘေးဖြစ်မယ်။ ဒါ ကြောင့် သီခဏခဏဗိုက်နာတာ မဟုတ်လား။ မောင်ကမပြော လည်းမပြောရက်၊သီနေမကောင်း ပြန်တော့ မောင်စိတ်ညစ်ရရော၊ သီက လိမ္မာနော်” သီတစ်ယောက်က ကလေး ဆိုးစိတ် မပျောက်နိုင်တိုင်း အပြုံး မပျက်ပေါ့။ ခွေးမြီးကောက်ကျည် တောက်စွပ်ဆိုသလို ဖြစ်တတ် လွန်းပါတယ်။
“သီ့မောင်က တစ်ခါပဲပြော မှာ၊ပြောမရရင်သီ့ကိုစိတ်လည်း မဆိုး၊စိတ်မကောင်းရက်နဲ့ ကြည့် နေရမှာပဲ”သီက မောင့်ကို ချစ် အားကိုးနဲ့ ဆိုးတတ်ပါတယ် မောင်။ မောင့်မျက်နှာကြီးညိုနေ ပြန်တော့လည်း ... “မောင် စိတ်မဆိုးနဲ့နော်။ သီ ဆာလွန်းလို့ပါမောင်ရယ်၊ သီ ကဒီလိုပဲ၊ သီမှားတာပါလေ။ သီ စည်းမရှိတာ၊နောက်မလုပ်ဘူး နော်။ သီလိမ္မာပါပြီမောင်၊ သီ မစားတော့ပါဘူး”သီ့မှာမျက်ရည် လည်ရမျက်ရည်ဝဲရနဲ့တောင်းပန် ရပြန်ပါတယ်ရှင်။ “မောင် စိတ်မဆိုးပါဘူး။ ဪသာ် ငါ့စကားကို သီနားထောင် စေနိုင်လောက်အောင် သီ့အပေါ် မောင် ပြုနိုင်စွမ်းမရှိသေးပါလား လို့သာ မောင်ယူကျုံးမရတာပါ” ဒီစကားက သီ့အသည်းကို နာ စေပါတယ်မောင်၊ ဒါကြောင့် သီ အစစရှောင်ကြဉ်ခဲ့ပါတယ်။ သီ သတိရနေသေးတယ် ကွယ်။ မောင့်စာရွက်တွေရှင်းပေး တုန်းက စာအိတ်ပန်းရောင်လေး မြင်ပေမယ့် သီစည်းစောင့်ပြီး မ ကြည့်ခဲ့ပါဘူး။
တစ်နေ့ မောင်က ဟိုတုန်းကအကြောင်းတွေထည့် ရေးထားတဲ့ သီ့ဝတ္ထု စာမူအ ဟောင်းကို ယူဖတ်တယ်။သီဟာ ငယ်ရွယ်သူပါမောင်၊ အိမ်ရှင်မ ကြီး အရည်အချင်းတွေ မပြည့်စုံ သေးတဲ့ အရူးအမိုက် မလိမ္မာအိုး ပါ။သီကမောင့်ကို အတုန့်အလှည့် ဆိုပြီး စာတွေ ယူဖတ်တာပေါ့။ ခင်သက်လွင်၊ ကေတုမတီသင်း လေး၊ ရွှေမန်းကြည်ကြည်ဆွေ တို့မိတ်ဆက်စာတွေလေ။ မောင် တော့ မသိပါဘူး။ အဲဒီအထဲက လွင့်ကိုဖြင့် သီကတောင် ချစ် လိုက်မိတယ်မောင်ရေ့၊ သီမနေ နိုင်တာနဲ့ သီ့အပြစ် ဖွင့်ပြော တောင်းပန်တော့မောင်ကခွင့်လွှတ် ပြုံးတာပဲမဟုတ်လား။ သီဖြင့် စိတ်ဆင်းရဲနေမိတယ်။ မောင် ဟာလေတစ်နေ့တော့ ကလေးမ တွေကလှုပ်လွန်းရင်ယိုင်သွားမှာ လားလို့။ သီ့အချစ်ကို ဝေပေးရမှာ ကြောက်လာတယ်မောင်။လွင့်ရဲ့ အကြောင်းလည်း မောင်ပြောဖူး တော့လွင်ဟာ ချစ်စရာလေးပါ။ မောင်ကညီမလေးလိုသာပြန်ချစ် တယ်ဆိုတာသီမယုံသလိုမောင် ချစ်စရာကောင်းတဲ့ အရာတိုင်းကို အသည်းနှလုံးရှိသူတိုင်းက ချစ် တတ်ကြပါတယ်ကွယ်နော်” “အို...ဒါကတော့သီလေး ရယ်၊သီချစ်တဲ့လူကိုမောင်ကသီ မြင်သလိုမြင်ဦးမှကိုး၊အမြင်ချင်း မတူရင်ခံစားမှုချင်းလည်းဘယ်တူ ပါ့မလဲသီ” “လူကို မကြည့်ဘဲ သူ့ရဲ့ အမူအရာ လှုပ်ရှားပြုကျင့်တတ် တဲ့ ဓလေ့ကိုဆိုရင်ကော မောင် ရယ် ...”
“အတူတူပေါ့သီ၊ လူတစ်ဦး နဲ့ တစ်ဦး အမြင်ချင်း မတူရင် ခံစားမှုချင်းလည်း မတူတော့ပါ ဘူး”အဘက်ဘက်ကကျွမ်းကျင် တဲ့မောင့်ကိုစကားအရာမှာလည်း အရှုံးပေးပါပြီမောင်၊ လိမ္မာလှတဲ့ မောင့်အလှည့်မှာ သီကလျှော့ လိုက်ရပါတယ်။ “ဘာပဲဖြစ်ဖြစ် မောင်ရယ်၊ သီ့ကိုလည်းမောင်ချစ်တယ်ဆိုရင် ကျေနပ်ပါပြီ” ဒါနဲ့ ချောင်းကိုအဝတ်လျှော် သွားကြရော၊ ဟုတ်လား။ မောင် က ရေချိုးပြီး သီ့ကိုစောင့်နေ တယ်လေ။ သီက ပျဉ်ပေါက် ကြားကို ခြေလျှိုပြီး လက်က ရေချိုးစင်အစွန်းကို ဖက်တွယ်လို့ ကတ်ကတ်သတ်သတ်ဆော့နေ တယ်။ မောင်က သီ့ခြေထောက် ကို အပေါ်က ဆွဲဆွဲထားတော့ အားပြုထားတဲ့သီ့လက်တွေပြေ တော့မလိုဖြစ်ပြီးပက်လက်ကလေး မို့ ခေါင်းရေစိုမှာလည်းစိုး၊ သီက စိတ်ဆိုးလာတယ်။
“မောင်လွှတ် နော်၊ ဆံပင်ရေစိုမယ်၊ မလွှတ်ရင် လက်ဖြုတ်ချလိုက်မှာ။ ဒီတော့ ရေငုပ်ပြီးသား ဖြစ်မှာသိလား” နှစ်ခွန်းသုံးခွန်း ပြောမရရင်ဘဲ သီက လက်ဖြုတ်ချပြီး ရေငုပ် လိုက်ပါရော။ မောင့်ခမျာ ခေါင်းကြီးတ ရမ်းရမ်းနဲ့ သီချော့တာတောင် မရတော့၊ အိမ်ပြန်သွားတယ်။ သီလည်း မိုးရွာလာပေမယ့် အိမ် မပြန်ဘူး။ ရေချိုးရင်း ငိုနေမိ တယ် မောင်၊ မောင်လာခေါ်မှ သီပြန်လာတာပါပဲ။ သီအအေးမိ ချောင်းဆိုးနှာစေးတော့အဲဒီနေ့ က မောင်တသက်သက်ဖြစ်နေ ရတယ် မဟုတ်လား။ ဒါတွေ သီ မှားကြောင်းသိလာပါတယ် မောင်ရေ။
သီမောင်စိတ်မချမ်း သာအောင်လုပ်မိတာမို့ သီလည်း ငိုရတာပဲ။ သီထွက်သွားတုန်းက လည်း မောင့်မှာ ကိုယ်မကျွမ်း ကျင်တဲ့ သူများအရပ်မှာ သီ့ကို ရှာရတာ ပန်းလိုက်တာတွေ၊ သီ က စိတ်ဆိုးပြီး ထွက်တာတော့ မဟုတ်ပါ။ မောင်က ရင်နာစရာ တွေကို ကြေကြေကွဲကွဲ ညည်း နေတတ်တယ်လေ။ သီ့အပေါ် စေတနာထားလွန်းတယ်။ အဲဒါ သီမကြားချင်ဘူး။
စိတ်မချမ်းသာ လွန်းလို့ လျှောက်သွားမိတာပါ။ “သမီးသီသီ၊အသက်ငယ် ပေမယ့်ကျောင်းသူလေး မဟုတ် တော့ဘူး၊ သဘောထားကြီးကြီး ထား၊အိမ်ထောင်ရှင်ဖြစ်ပြီး ရှက် စရာသမီးရယ်၊ အရူးမထစမ်းပါနဲ့၊ ကိုယ့်လင်သားကိုလည်းစိတ်ညစ် အောင်မလုပ်ရဘူးကွယ်” ဖေဖေသိတော့ဆုံးမတယ်။ ခုတော့သီလိမ္မာပါပြီမောင်၊ သီ အစစ ဟန်ဆောင်မျိုသိပ်ပြီး မောင့်အပေါ် လိုက်လျောနိုင်ခဲ့ပါ ပြီ။ မောင်တစ်ယောက်မှ မောင့် တစ်ယောက် အတွက်ရယ်သာ။ မောင့်အတွက်သီလေး။
-------
မောင် သီ့အပါးမှာ မရှိခဲ့တဲ့ အချိန်ကဖြင့် အားငယ်ခဲ့တယ် မောင်ရေ၊ သီ့ဘဝက ခြားခဲ့ပြီ မဟုတ်လား။ ဟိုတုန်းက သီသီ မဟုတ်တော့ဘူးလေ။ မောင့် မယား၊မောင့်ကိုချစ်တဲ့မောင့်ဇနီး အသီလေး၊မောင့်သီသီပါမောင်၊ သနားကရုဏာသက်မိလို့ မောင့် ဘဝကိုမြတ်မြတ်နိုးနိုးထိန်းထား လိုက်ရတဲ့ နောက်မှာတော့ သီ့ အတွက်နဲ့မောင်ရင်ဆိုင်လာရ တာတွေ၊ မောင့်ဒုက္ခကြောင့် အကြင်နာလွန်ကဲပြီးအချစ်သည်း လာရပါတယ်ရှင်။ ချစ်တဲ့လင်မို့ ချစ်လင်အတွက်ယူကျုံးမရဖြစ် ရတာတွေပါ။မောင်သီ့ကိုခွဲထား ပြီးပြန်သွားရတဲ့ရက်တွေမှာသီက ရင်နာနာနဲ့ ဖြစ်ရပ်တွေကိုသည်းခံ ရပါတယ်။ မောင့်ကိုလူတွေက အထင်လွဲ၊ဖေဖေကစိတ်ဆင်းရဲ၊ အမှန်ကိုလည်း ရှင်းမပြဖြစ်။ မောင်သီ့အပါးမရှိလို့အားငယ်တာ တစ်မျိုး၊မောင်တစ်ယောက်စိတ် သက်သာပါစေတော့လို့သီ့ဒုက္ခ တွေဖုံးကွယ်ပြီး နှစ်သိမ့်စာတွေ ရေးပို့ရနဲ့သီလည်းပန်းလိုက်တာ။
သီ မောင်နဲ့ လက်ထပ်ပြီး စိတ်လွတ်ကိုယ်လွတ်ပျော်လိုက် ရတာကတော့ မောင်ပြန်ခါနီး ရထားပေါ် ဇွတ်တွယ်လိုက်သွား ရတဲ့အချိန်ကလေးပေါ့။ ဒါဟာ လည်းမောင်ရယ်၊မပြောပလောက် တဲ့ တဒင်္ဂလေးပါ။ ဒီတစ်ကြိမ်ပဲ အားလုံးကိုဆန့်ကျင်ပြီးဆုံးဖြတ် လိုက်နိုင်တယ်။ ဘာပဲဖြစ်ဖြစ် မောင်နဲ့တစ်နေရာကိုသွားကြမယ် လို့။သီကပြုံးနိုင်သလောက်မောင် ကငိုင်လွန်းပါတယ်ကွယ်။ “လက်ထပ်ပြီးမှ ခိုးလာရ တာ မကောင်းပါဘူးသီရယ်၊ ဖေ ဖေကျေနပ်အောင်ပြောပြီးမှ လာ ကြရအောင်ပါ” သီ့ရင်ထဲက ဝမ်းသာမှုလေး တွေဟာ မောင့်စကားမုန်တိုင်း ကြောင့် လွင့်စင်ပျောက်ကုန်ရ တယ်။ မောင်က သီ့ကိုခေါ်ချင် လျက်နဲ့ အများအပေါ် စေတနာ ထားလွန်း၊ ငဲ့ညှာလွန်းလို့ လမ်း တစ်ဝက်က သီ့ကိုပြန်ပို့ရတယ် မဟုတ်လား။ မောင်ထားရစ်လို့ လည်း ပြောခဲ့သလိုဒုက္ခပင်လယ် ဝေရတာပါမောင်။
မောင်သီ့ဆီပြန်ရောက်လာ ပြန်တော့မောင်ရယ်၊သီ အသည်း နာရပါတယ်။ သီ့ကြောင့်မောင် ဆုံးရှုံးခဲ့ရတာတွေ၊ စွန့်လွှတ်ခဲ့ရ တာတွေ၊ ရင်နာခဲ့ရတာတွေ၊ သီလေသီ့အနားမှာမောင်ရှိနေပြီမို့ သီ့အတွက် အားလုံး ပြည့်စုံပါပြီ မောင်၊သီ့မှာအားငယ်စရာတွေမရှိ တော့ဘူး။သီဘာမဆိုစွမ်းဆောင် နိုင်ပြီလေ။ သီ့အနားမှာမောင်ရှိမှ ကိုး။ မောင့်အတွက်သီ့အတွက် မဟုတ်ဘဲမောင့်အတွက်သီရင်ကျိုး ခဲ့ရတာပါ။မောင်ကိုလည်းသီဖွင့် ပြောရက်တာမဟုတ်ဘူး။ သီ စိတ်မချမ်းသာရင် မောင်လည်း စိတ်ဆင်းရဲတာမို့သီကကျိတ်မှိတ် ခံစားခြင်းနဲ့ ရင်နာရတာပါမောင်၊ မောင့်အတွက်ရင်ထဲမှာ ခံစားခဲ့ရ တာတွေပါ။ သီလေးအမြင်က မောင့်ကို အနိမ့်စံသီနဲ့ ယှဉ်တွဲလာစေရတဲ့ အပြစ်ကို သီ တမြေ့မြေ့ ဒဏ် သင့်ခဲ့ရပါတယ်။
မောင့်မျက်နှာ လေးကိုပဲ အရိပ်တကြည့်ကြည့် နဲ့ ပန်းကလေးလို လန်းအောင် သီ တတ်အားသမျှပြုစုယုယခဲ့ ရပါတယ် မောင်၊ သီရဲ့စွမ်းအား ရှိသမျှတော့ သီက စေတနာ ထားခဲ့ပါလေရဲ့။ မောင့်ကို အား ပေးရပေမယ့် သီ မချိဘူး မောင်၊ သီ့အတွက် မောင်အနစ်နာခံခဲ့ရ တာတွေကို အသိလွဲနေတဲ့လူ တွေကို ဖွင့်ပြောချင်လျက်မပြော နိုင်ဘူး။ မောင့်ဂုဏ်များ၊ ထိခိုက် သွားမှာလားလို့ စိုးရိမ်ရပြန်တာ။ မောင်က သီနဲ့ နေရတာ ပျော် တယ်ဆိုပေမယ့် အဲဒီစကားက သီ့အသည်းနာကို မပျောက်ပျက် စေနိုင်ပါဘူးမောင်၊ အနာကို ဆွ သလိုပါပဲ။ သီ့ကိုငဲ့ပြီး မောင် ဟန်ဆောင်တာတွေပဲမဟုတ်လား။
-------
သီပြောပါရစေ မောင်။ အရှုံးအမြတ် တွက်တာ မ ဟုတ်ပါဘူးမောင်ရယ်၊ သီအပေါ် စေတနာထားလွန်းတဲ့ မောင့်ကို မောင့်ကြောင့် သီရယူခဲ့ရတဲ့ သီ့ အရှုံး၊ သီ့ကြောင့် မောင်ပိုင်ဆိုင် လိုက်ရတဲ့ မောင့်အရှုံး၊ ဒီဖြစ်ရပ် နှစ်ခုကိုယှဉ်ပြခြင်းသာပါ။ သီ ဆယ်တန်းစာမေးပွဲဖြေ ရမယ့်နှစ်မှာ ကျောင်းစာတွေကို ပစ်ပြီး မောင့်ဘဝထဲ သီကခြေစုံ ပစ်ဝင်လိုက်တယ်။ ပတ်ဝန်းကျင် ရဲ့ဂယက်မှာ သီက မယားကြီးရှိ တဲ့ ကလေးအဖေ မောင့်ကိုယူ လိုက်တဲ့ အမိုက်မလေး။ တစ် ကြိမ်တစ်ခါမှ မတွေ့မြင်ဖူးတဲ့ ရပ် ဝေးကမောင့်ကိုသီကယူလိုက်တော့ အံ့ဩစိုးရိမ်ပေါ့လေ။ဖေဖေလည်း သမီးအတွက်စိတ်ဆင်းရဲ ခံလိုက် ရတာသီဝန်ခံပါတယ်။
နို့ ဟုတ်ကောဟုတ်ရဲ့လား မောင်၊လူတွေ ပြောသလို မောင်က တစ်နပ်စားဥာဏ်နဲ့ သီ့ကို အပိုင် စီးခဲ့သလား။မယားကြီးနဲ့ကလေး အဖေက သီ့ကို မယားငယ်ဖြစ်စေ ခဲ့တာမှန်သလား။ မောင်ကသီ့ကို ကျောင်းထွက်ခိုင်းခဲ့တာလားလို့ ဟင်။သိလိုက်ရတယ်ဆိုပေမယ့် လူတွေမြင်နေတဲ့အရှုံးက ဒါပါပဲ မောင်ရေ၊လူတွေအသိလွဲနေတာ သက်သက်ကလေးပါ။ မောင့်ကိုကြည့်စမ်း။ နာကြည်းဆွေးမြည့်နေရတဲ့ မောင့်ဘဝကို သီက နှစ်သိမ့် သာယာမှုပေးစေနိုင်တယ်လို့ သီ့ အပေါ် မောင်ယုံစားမြတ်နိုးရှာ တယ်။
မောင်ထင်ထားသလို သီပေးနိုင်သလားဆိုတော့ ဝေး ပါသေးမောင်ရေ၊ သီက မောင့် ဘဝကို ထပ်ဆင့်ညှဉ်းဆဲခဲ့တာ၊ အသည်းဆွေးမြည့်စေခဲ့တာ။ သီ့ ကိုသနားရလွန်း၊ကြင်နာရလွန်း၊ ငဲ့ညှာရလွန်းတာတွေကြောင့် မောင့်စေတနာတွေက မောင့်ကို ရင်ကွဲစေတာမဟုတ် လားလို့၊ မောင့်မှာ ပစ္စည်းမက် မောသူရဲ့ လက်ကို မောင်ပိုင်ဆိုင်ခြင်း၊ ဥစ္စာ ဟူသမျှ အပ်လိုက်ရတယ်။ အနိုင်ကျင့်ခံရတယ်။ အရှက်ရ လိုက်တယ်။ ဒါတွေကို မောင် သင်ပုန်းချေပြီး သီ့မေတ္တာကိုသာ မြတ်မြတ်နိုးနိုးနဲ့ ခံယူလာတယ်။ ဒါကိုပဲလူတွေက အသိလွဲချင် သေးတယ်။မယားနဲ့ကလေးတွေ ပစ်ပြီးမယားငယ်ငယ်ကလေးယူ ပြီးပျော်နေနိုင်တယ်လို့ပြောချင် ကြတယ်။ပြောကြတယ်ကွယ်။
မောင် စေတနာရှိသလောက် သီ့အပေါ် မပြုစုနိုင်တော့ လို့ မောင် တသသဝမ်းနည်းနေတာ ကို သီ ကြည့်ရက်မလားမောင်။ မောင့်အရှုံးတွေက လူမသိဘူး။ သီ အသိဆုံးမို့ သီသာရင်နာရ တာ၊ အဆုံးစွန်ပြောရရင် မောင့် ကို ချစ်ခင်ယုံစားခဲ့တဲ့ ဖေဖေတို့ တောင် မောင့်ရင်ထဲကစေတနာ မေတ္တာကို မသိကြပါဘူး။ မောင်မျှော်လင့်တောင့်တခဲ့ တဲ့“အေးရိပ်သာ”ကိုသီက မပေး ခဲ့နိုင်ပါဘူးမောင်၊ မြည့်နေတဲ့ မောင့်အသည်းကိုသီကဆုတ်ခြေ ဖျက်ဆီးပစ်တယ်။တင့်တယ်နေ တဲ့မောင့်ဘဝကိုပျက်စီးစေခဲ့တယ်။
မောင့်မှာဇနီးကလေးကိုတယုတယ နဲ့ကလေးလို အလိုလိုက်ထား ရတာကလွဲလို့ မောင် ဘာများ အိမ်ရှင်မရဲ့ တာဝန်ဝတ္တရားတွေ ပြည့်စုံတာကိုသီ့ဆီမှာမြင်ခဲ့ရသလဲ လို့သီမိုက်ပါတယ်မောင်၊ သီဟာ လူတစ်ယောက်ရဲ့ဇနီးမယားဖြစ် နေချိန်မှာအိမ်ထောင်ရှင် ဘဝကို သီကဂရုမစိုက်လိုက်ချင်ဘူး။ပျော် ပျော်ပေါ့ပေါ့ နေလိုက်ချင်တုန်း၊ ဆိုးလိုက်နွဲ့လိုက်ချင်တုန်း။ ဖေဖေ ကမိတဆိုးတစ်ကောင်ကြွက်သမီး ထွေးမို့အစစ အလိုလိုက် ယုယ လာတာတွေကို မောင့်ဇနီးအဖြစ် နဲ့ပါအမိုက်စော်ကားချင်သေးတာ။ မောင့်မှာ ကလေးလို အိမ် ထောင်ရေးကြောင့် ငြိုငြင်တာ တွေဖုံးဖိပြီး သီ့ကိုချစ်တာသိလေ ဝမ်းနည်းလေပါပဲမောင်။ “မောင်ရယ်၊နောက်သုံးနှစ် ပဲစောင့်ရမှာပါ။ သီ ဆယ်တန်း အောင်အလုပ်ရမှ အသက် ၂၀ မှာလက်ထပ်ရအောင်ပါနော်။ သီ့ မှာ ဘာအရည်အချင်းမှမရှိသေး ဘူးမောင်”သီပြောခဲ့တဲ့ စကား ကို သီ ပဲရုတ်သိမ်းပြီး လက်ထပ် ပါစို့လုပ်ခဲ့တာမို့ မောင့်မှာအပြစ် မရှိပါဘူးမောင်။ တစ်ခုတော့ရှိ တယ်မောင်ရေ၊သီလုပ်သမျှတွေ ဟာမောင့်အတွက်ပါ။ မောင့်ကို ချစ်လို့ပါဆိုပြီးရှောင်ပြေးတဲ့ မိသီ လေးမဟုတ်ပါဘူး။မောင်သီနဲ့နေ ရရင်ဘာပဲဖြစ်ဖြစ်မောင်ပျော်နိုင် တယ်ဆိုလို့မောင့်ရင်ထဲမှာ (စိတ် ဆင်းရဲမှုတွေ မျိုသိပ်ပြီး) နေနေ သူပါ။ မချစ်သော်လည်း အောင့် ကာ နမ်းမဟုတ်ဘဲ ချစ်မြတ်နိုးရ လွန်းတဲ့နာရတဲ့စိတ်ဆင်းရဲခြင်းမျိုး မို့မောင်ကခွင့်လွှတ်ကောင်းပါရဲ့။
---------
သီနဲ့မောင်မှာ အရှုံးအမြတ် ခြားနားချက်မရှိဘူးမောင်၊ တ ကယ်တော့ ချစ်ရတာဟာ ရှုံး တာပဲမဟုတ်လား။ မောင်က သီ့ ကို ချစ်လို့ မောင့်ပိုင်ဆိုင်မှုတွေ ပေးရတယ်။ သီကမောင့်ကိုချစ် လို့ သီပိုင်သမျှပေးရတယ်။ အ တူတူပါပဲ မောင်။ နှလုံးသားရဲ့ ခံစားရမှုက ကျား/မ မခွဲစေနိုင် လို့ မောင်ရောသီပါ ငိုကြရတာ မဟုတ်လား။ ဒါကို ငြင်းချင်သေး ရင်တော့လည်း သုညကိုမြှောက် စားပေါင်းနှုတ်လို့ရတဲ့အဖြေဟာ အဖြေမှန်ပေါ့။ သီ အစဉ်သဖြင့် သိုသိပ်ခံစားခဲ့ရတာတွေဟာ သီ့ အရှုံးပါမောင်။ သီရဲ့အရှုံးက အ သည်းနှလုံးသားထဲမှာပါ။ မောင့် သဘောပါ မောင်။ သီဟာ မောင့် ရဲ့သီမို့ မောင့်သဘောပါ။ မောင့် ဆန္ဒကို ကျေကျေနပ်နပ်လိုက် လျောတဲ့သီ့ရဲ့(မောင့်သဘော)မို့ လည်း စကားသံသရာရှည်ဖို့ မလိုရတော့ဘူးနော်။ လိုလာရင် လည်း ခွန်းတုန့် မပြန်နိုင်နှုတ် ဆိတ်ငိုင်ရမှာပဲမို့ မောင်ရေ သီ့ ကို လိုလာရင်လည်း ခွန်းတုန့်မ ပြန်နိုင်၊ နှုတ်ဆိတ်ငိုင်ရမှာပဲမို့ မောင်ရေ သီ့ကိုချစ်တာပါ။ မောင့် ကို သီ ဘယ်လောက်ချစ်ခဲ့တယ် ဆိုတာလည်း မောင်အသိပါ ကွယ်။
နှလုံးသားနဲ့ ထပ်တူကျခဲ့ ရလို့ လူတွေမမြင်တဲ့ သီရဲ့စွန့် လွှတ်မှုကိုမောင်သိပါတယ်မဟုတ် လားလို့။ အိုမောင်ရယ် ဒါတွေ မေ့ကြရအောင်နော်။သီချစ်တတ် ခဲ့ဖူးတဲ့အချစ်မျိုးအားလုံးနဲ့ မချစ် ခဲ့ဖူးသေးတဲ့အချစ်ပါ ပေါင်းစပ်ပြီး မောင့်အပေါ်သီချစ်ပါတယ်ဆိုတာ ယုံပါတော့မောင်၊ယုံပါတော့။ မောင့်ကို တွယ်တာပြီးတဲ့ နောက်မှာတော့ သီ့ဘဝရဲ့တွယ် ရာမှီရာသည်က“မောင်”ပါ။မောင် နဲ့ ဖဝါးမခွာနေမှာပါ မောင်ရေ။
သီတော့ သံသရာကြီးက လွတ် ရာလွတ်ကြောင်း တရားကောင်း ကို မောင်နဲ့အတူရှာချင်ပြီကော။ သီတကယ်လိမ္မာပါပြီမောင်၊ သီ ခိုင်မာတတ်ပါပြီ။ ဘဝဆိုတာ ကိုယ်လိုသလိုပုံသွင်းရကောင်းတာ မှမဟုတ်။ဘဝကပေးလာတာကို ယူပြီးရောင့်ရဲခွင့်လွှတ်သည်းခံ ကြရအောင်ပါ။ သီချစ်တဲ့မောင့် ရဲ့စိတ်ချမ်းသာမှု အတွက်လိုက် လျောရတာတွေကို သီမငြိုငြင်ပါ ဘူးမောင်ရယ်၊သီလေစိတ်ချမ်းသာ ပြီမောင်။သီပျော်နိုင်ပြီ။ သီ့ရဲ့ဒုက္ခ တွေကို မွန်မြတ်လှတဲ့ ဓမ္မရေစင် ကြောင့် သီ ငြိမ်းအေးရပါပြီ။ သီ့ကိုတော့အထင်မလွဲပါနဲ့ မောင်၊သီဟာမောင့်ရဲ့သီလေးပါ။
မောင့်ကိုယုံစားမြတ်နိုးရသူလေး ပါ။မျိုသိပ်ရလွန်းရင် နာကြည်း လာမှာမို့ဒီလိုစာမျိုးလေးတွေရေး ပြီးမောင့်မျက်ကွယ်မှာ စိတ်ဖြေရ သူပါမောင်၊မောင်ကခွင့်လွှတ်ပါ။ သနားပါ၊ကြင်နာပါမောင်ရယ်။ မောင်ခေါ်လာမယ့်ရက်ကို မောင့်အတွက်ဘုရားမှာမေတ္တာဝေ ရင်းစောင့်နေပါတယ်ရှင်။ အစစ သီမိုက်သမျှ၊မှားသမျှတွေကိုအပြစ် မထားဖို့လည်းတောင်းပန်ပါတယ် မောင်၊ခွင့်လွှတ်ပါနော်။မောင့် အသည်းပန်းကလေးလန်းပါစေ။ မျက်ရည်ကြားကမောင်ချစ် တဲ့အပြုံးပန်းကို ပွင့်လန်းပေးနိုင် တဲ့ .... မောင့်ရဲ့သီလေး