မန္တလေးအော်ပရာ
-
23 July 2012 |
-
By SHADE Journal
အသားရောင် မိတ်ကပ်နဲ့
စကတ်တိုတိုတွေ ဘိုလိုက
တိုက်တွေကြားထဲမှာ
နာရီစင်က ပုံပြင်တစ်ပုဒ်လို၊
မန်းတောင်လင်္ကျာနဲ့
အောင်ပင်လယ်ဒိုးတွေ ဘယ်ကိုရောက်ကုန်ပြီလဲ
အတောင်သစ်တွေ တဝီဝီနဲ့
အသံတွေမြည်နေတဲ့ မြို့ဆန်း
လွမ်းလိုက်တာ “မြို့ရိုးရယ်”. . .။ ။
ဋ္ဌေးကြည်(စလင်း)  |