YOYARLAY

ဘင်္ဂလား ပင်လယ်အော်၌ လေဖိအားနည်း ရပ်ဝန်း တစ်ခု ဖြစ်ပေါ်

ယနေ့ မြန်မာ စံတော်ချိန် ညနေ ၃ နာရီခွဲ အချိန် တိုင်းထွာချက်များ အရ ဘင်္ဂလား ပင်လယ်အော် အနောက်မြောက် ပိုင်းတွင် လေဖိအားနည်း ရပ်ဝန်း တစ်ခု ဖြစ်ပေါ်နေသည်။

အဆိုပါ လေဖိအားနည်း ရပ်ဝန်း၏ အရှိန်ကြောင့် ပဲခူးတိုင်း ဒေသကြီး၊ ဧရာဝတီ တိုင်းဒေသကြီးနှင့် ကယားပြည်နယ် တို့တွင် နေရာစိပ်စိပ်၊ ရန်ကုန်တိုင်းဒေသကြီး၊ တနင်သာရီတိုင်းဒေသကြီး၊ ကရင်ပြည် နယ်နှင့် မွန်ပြည်နယ် တို့တွင် နေရာ အနှံ့အပြား မိုးထစ်ချုန်း ရွာပြီး ရခိုင်ပြည် နယ်တွင် ဒေသ အလိုက်၊ ပဲခူးတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်း ဒေသကြီး တို့တွင် နေရာကွက်၍ မိုးကြီးနိုင်သည်။

မြန်မာ့ ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးမည်။ မိုးသက် လေပြင်း ကျစဉ် ရေပြင်/မြေပြင်လေ သည် တစ်နာရီလျှင် မိုင် ၄ဝ အထိ တိုက်ခတ်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက သတင်းထုတ်ပြန်ထားသည်။

(သတင်းစဉ်)

Popular News

ကြော်ငြာများ