YOYARLAY

ကျော်မင်းသော်ရေးတဲ့ “အပျိုစင်တို့ သိစေဖို့ရာ” စာအုပ်ထွက်ရှိ

ကျော်မင်းသော်ရေးတဲ့ “အပျိုစင်တို့ သိစေဖို့ရာ” စာအုပ်ထွက်ရှိစာရေးဆရာ ကျော်မင်းသော် က အပျိုစင် မဂ္ဂဇင်းမှာ လစဉ် ရေးသား ခဲ့တဲ့ “အပျိုစင်တို့ သိစေဖို့ရာ” သဘာဝ အလှအပနှင့် ကျန်းမာရေး ဆိုင်ရာ မှတ်စု မှတ်ရာ များကို ရန်အောင် စာပေကနေ ထွက်ရှိ လာပြီဖြစ်ပါတယ်။ ဆောင်းပါး ၂၆ ပုဒ်ပါရှိပြီး လူ့ခန္ဓာကိုယ်မှာ ဖြစ် လေ့ဖြစ်ထရှိတဲ့ သဘာဝအလှအပ ထိန်းသိမ်းကာကွယ်စောင့်ရှောက်မှု များကို အသေးစိတ်ရေးဖွဲ့ထားပါ တယ်။ ဆရာကျော်မင်းသော်က ပြော ကြားရာမှာ “အဓိကကတော့ ငွေကုန် ကြေးကြလည်းမများဘူး။ ကျန်းမာ ရေး အစားအသောက်အနေအထိုင်နဲ့ သဘာဝအတိုင်းရင်းဆေးဝါး အသီး အရွက်တို့နဲ့အလှအပဖော်ကျူးလို့ရတာ ကို ဇောင်းပေးပြီးရေးထားတာ”လို့ ဆိုပါတယ်။ ရန်အောင်စာပေ၊ အထက (၁) ရန်ကင်းကျောင်းရှေ့ ၊ ဆိုင်အမှတ် (၁၄)၊ ၊ ၁၂ လုံးတန်း၊ ရန်ကင်းက ဖြန့်ချိလိုက်ခြင်းဖြစ်ပါတယ်။

ကိုကိုကျော်

First Music News

ကြော်ငြာများ