ဓမ္မ ဃောသက၊ အရှင် ဩဘာသ ရေးသား ထားသော ဓမ္မရသများ ဖြစ်သည်။ အမြတ်မရချင်နေ၊ အရှုံးမရှိပါ စေနဲ့၊ လူ့လောကထဲမှသည် တဖန် လူ့လောကဆီသို့ ရောက်ရှိလာခြင်း သည်အရှုံးမဟုတ်၊ အရင်းအတိုင်း ပြန်ရခြင်း။ လူ့ဘဝကိုရောက်လာခြင်းသည် အဓိပ္ပာယ်ရှိ။ “လူတွေဟာ အနိုင်၊ အရှုံးပြေးလမ်းပေါ်က အပြေးသမားတွေပါ။
နည်းလမ်းကို မသိခင်အရှုံးကို ရင်ဆိုင်ကြရတယ်။ နည်းလမ်းကိုသိရင် အရှုံးသိပ်မရှိနိုင်ဘူး။ နည်းလမ်းကို မကျင့်နိုင်သေးလို့ ရှုံးရတာလောက် ပဲရှိမယ်။ ကြိုးစားရင်း၊ ရုန်းကန်ရင်းနည်းလမ်းတွေကို ကျင့်သုံးလာနိုင်တဲ့ အခါ အရှုံးမရှိတော့ဘူး။ အရင်းကအစအမြတ်တွေပဲရရှိကြမှာ သေချာပါ တယ်”ဟု စာရေးသူက ဆိုသည်။ တန်ဘိုး - ၈၀ဝ ကျပ်