မြန်မာနိုင်ငံ လူဦးရေ၏ ၅% မှာ မသန်စွမ်း သူများဖြစ်ကြ ပါသည်။ မသန်စွမ်း သူများဟု ဆိုရာတွင် မည်သို့သော အမျိုးအစား သည် မသန်စွမ်းဖြစ်ကြောင်းကို သိရှိ သူနည်းပါး လှသည်၊၊ မသန်စွမ်း အမျိုးအစား ၄မျိုး ရှိပါသည်။
(၁) ကိုယ်အဂါင်္မသန်စွမ်းသူ
(၂) အမြင်အာရုံ မသန်စွမ်းသူ
(၃) အကြားအာရုံမသန်စွမ်းသူ
(၄) ဥာဏ်ရည်မသန်စွမ်းသူတို့ဖြစ်ကြပါသည်။
အကြားအာရုံမသန်စွမ်းသူများဆိုသည်မှာ နားမကြားသူများ၊ စကားမပြော တတ်၊ နားလုံဝမကြားသူများကိုဆိုလိုသည်။တချို့ သောသူများသည် အမြင်ဟောင်းများဖြင့် ဆွံ့အနားမကြားသူများ၊အ နေသူများ၊နားပင်း နေသူများဟု ခေါ်ဝေါ်သုံးစွဲကြသည်မှာ အလွန်မှားသော အခေါ်အဝေါ်များပင် ဖြစ်ကြသည်။ ရိုင်းစိုင်းသော၊ လေးစား မှုမရှိသောသူများက ကျီးကန်တွေဟု လှောင်ပြောင် ခေါ်ဝေါ်ကြ လေသည်။လူလူချင်းလေးစားတန်ဖိုးထားမှု အရ နားမကြားသူများသည်လည်း လူသား များပင်ဖြစ် သည်။ နှိမ့်ချခေါ်ဝေါ်ခြင်းသည်မရှိသင့်တော့ပါ။ နားမကြားသူများသုံးစွဲ ပြောဆိုနေသောဘာသာ စကားကိုလည်းအရူး စကားသို့မဟုတ်ကိုယ်အမူအရာစကား(Body Language)ဟု လွဲမှားစွာ ထင်မြင်နေကြ သည်မှာ ကျနော်တို့ နေထိုင်သော မြန်မာလူ့ အဖွဲ့အစည်းတွင် နေ့စဉ်တွေ့မြင်နေရပါသည်။သည်အချက်ကို ရှင်းလင်းတင်ပြလို ပါသည်။ကမ္ဘာ့တွင် လူအဖွဲ့အစည်းဆိုလျှင် ၂ မျိုးသာ တွေ့မြင်ရလေသည်။ အကြားအာရုံသန်စွမ်း သော လူအဖွဲ့အစည်းနှင့် အကြားအာရုံမသန် စွမ်းသော လူ့အဖွဲ့အ စည်းပင်ဖြစ်သည်။နား ကြားသူများ၏ အဓိကပြောဆိုသုံးစွဲနေသော ဘာသာစကားမှာအသံထွက်ဘာသာစကား(Spoken Language)ပင်ဖြစ်သည်။ နားမကြားသူများ ၏ နေ့စဉ်သုံးစွဲနေသောဘာသာ စကားမှာ လက်ဟန်သင်္ကေတပြဘာသာစကား (Sign Language)ပင်ဖြစ်သည်။ နားကြား သော လူ့အဖွဲ့အစည်းမှာ လူများစုဖြစ်ကာနား မကြားလူ့အဖွဲ့အစည်းမှာ လူနည်းစုဖြစ်လေသည်။
လူ ၂ဦးတွေ့ဆုံရာတွင်ကြီးမားသော အတားအဆီးမှာ ဘာသာစကားဆက်သွယ်မှု (Barrier Communicate) ပင်ဖြစ်သည်။ ထိုသို့သောအတားအဆီးများကြောင့် လူနည်း စုဖြစ်သော နားမကြားများမှာ အစစ အရာ ရာကဏ္ဍအသီးသီးတွင်ခေတ်နောက်ကျ ကျန်ရစ်ခဲ့ရသည်မှာ အကြောင်းရင်းပင် ဖြစ်သည်။နားမကြားသူများ သုံးစွဲနေသော လက်ဟန်သင်္ကေတပြဘာသာစကားသည် အသံထွက် ဘာသာစကားမဟုတ်၊ အသံမဲ့ ဘာသာစကားနှင့် အမြင်ဆိုင်ရာ (Visual Language) ဘာသာစကားဖြစ်ပါသည်။ အသံထွက်ဘာသာစကား၏ သဒ္ဒါ၊ ဝါကျနှင့်ဖွဲ့စည်းတည်ဆောက်ပုံများစွာ ကွဲပြားလေသည်။
မြန်မာ Sign Language ဘာသာ စကားသည် မြန်မာအသံထွက်ဘာသာစကား နှင့်လုံးဝကွဲပြားခြားနားလေသည်။ ဥပမာ ဆိုရသော် – အသံထွက် ဘာသာစကားတွင် အင်္ဂလိပ် ဘာသာစကားမှာ နာမ်စား အသုံးများသလောက် မြန်မာစာတွင် အသုံးနည်း သည်နှင့်အတူတူပင်ဖြစ်သည်။ မြန်မာအသံ ထွက်ဘာသာစကားတွင် နာမ်စား အသုံးနည်း သလောက် မြန်မာလက်ဟန်သင်္ကေတပြ ဘာ သာစကားတွင် နာမ်စားအသုံးများလေသည်။ မြန်မာလက်ဟန် သင်္ကေတပြဘာသာစကား သည် စကားလုံးကြွယ်ဝသလို၊ ဗန်းစကား နှင့်ခေတ်အလိုက် ပြောင်းလဲလာသော စကား လုံးပေါင်း မြောက်မြားစွာရှိကြသည်ကို သိရှိသူ နည်းပါးလှသည်။ ဒေသန္တရလက်ဟန် သင်္ကေ တပြဘာသာ စကားလုံးများလည်း ရှိလေသည်။အဘယ်ကြောင့်ဆိုသော်မြန်မာ့လူ့အဖွဲ့အစည်း တွင်မသန်စွမ်းသူကို နေရာပေးအသိ အမှတ်ပြု မှုမရှိသောကြောင့် ဖြစ်လေသည်။ ကမ္ဘာပေါ်တွင် Sign Language ဘာသာစကား ၁၂ဝ ကျော်ရှိလေသည်။အသုံးအများဆုံး Sign Language ဘာသာ စကားမှာ အမေရိကန် Sign Languageနှင့် ဗြိ တိသျှ Sign Language ဘာသာစကား ပင်ဖြစ်သည်။ သို့သော် ကွဲပြားမှုရှိသည်။အသံထွက်ဘာသာစကားချင်းတူသလောက် Sign Language ဘာသာစကားတွင် လုံးဝမတူ ခြင်းကိုအံ့သြစွာတွေ့မြင်ရလေသည်။
အမေရိ ကန် Sign Languageတွင် အင်္ဂလိပ်အက္ခ ရာ(၂၆)လုံးကို လက်တစ်ဖက်ဖြင့်သာအသုံးပြု ပြီး ဗြိတိသျှ Sign Languageတွင် အင်္ဂလိပ်အက္ခရာ (၂၆) လုံးကို လက်နှစ်ဖက်ဖြင့် အသုံး ပြုသောကြောင့် ကွဲပြားခြားနားလေသည်။အမေရိကန်Sign Language ကို ကိုယ် ပိုင်Sign Language ဘာသာစကားမရှိ သောတိုင်းပြည်များတွင် သင်ရိုးညွှန်တမ်းဆွဲ ကာ စာအုပ်ပြုစု သုံးစွဲကြပြီး ဗြိတိသျှ Sign Language ကို ဗြိတိသျှ ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဓနသဟာယနိုင်ငံများတွင်အထူးအသုံးပြုသုံးစွဲကြသည်။နားမကြားအဖွဲ့အစည်းများ ၏ နိုင်ငံတကာအစည်းအဝေး၊ အလုပ်ရုံဆွေး နွေးပွဲနှင့် United Nations ကွန့်ဖရင့်များ တွင် အမေရိကန်နှင့် ဗြိတိသျှ sign Language ဘာသာစကား မသုံးစွဲပါ။ အပြည် ပြည်ဆိုင်ရာ လက်ဟန် သင်္ကေတပြ ဘာသာစကား (International Sign Language) ကို အဓိက သုံးစွဲကြသည်။
အာဆီယံနိုင်ငံဖြစ်သော မြန်မာ နိုင်ငံသည် ကိုယ်ပိုင်လက်ဟန်သင်္ကေတပြ ဘာသာစကားကို ပိုင်ဆိုင် ထားသော နိုင်ငံဖြစ် သော် လည်း နှစ်ပေါင်း ၅ဝကျော် ခေတ်နောက် ကျခဲ့ ရသောကြောင့် မြန်မာလက်ဟန် သင်္ကေတ ပြဘာသာစကားကိုအသိအမှတ်မပြုသော ကြောင့် တိမ်မြှုပ်နေခဲ့ရသလို မျက်နှာငယ်ခဲ့ ရသည်။မြန်မာနိုင်ငံတွင် မသန်စွမ်းသူ ဦးရေမှာ ၃ သန်းခန့်ရှိကာ မသန်စွမ်းကျောင်းများမှာ အလွန်နည်းပါးလှသည်ကို ဝမ်းနည်းဖွယ်ရာ တွေ့မြင်ရလေ သည်။နားမကြားသူ ဦးရေသိန်း ဂဏန်းရှိသော်လည်းအကြားအာရုံမသန်စွမ်း သူများ၏ ကျောင်း ၂ကျောင်းသာ ရှိလေ သည်။ ရန်ကုန်နှင့် မန္တလေးတွင်သာ ရှိလေ သည်။ ကျောင်းသားလက်ခံနိုင်မှုမှာ ၃ဝဝ ခန့် သာရှိလေသည်။
ကျန်သူများမှာ မည်ကဲ့သို့ဖြစ် နေကြသည်ကို တွေးကြည့်လျင် အလွန်မှပင် ရင်လေးမိပါသည်။ ဒေသတွင်း နိုင်ငံများနှင့် ယှဉ်ကြည်လျှင် အဘက်ဘက်မှာ ခေတ် နောက်ကျကျန်ရစ်ခဲ့ရသည်။ ကျွန်တော်သည် မွေးစဉ်က အကြားအာရုံသန်စွမ်းသော်လည်း ၁၅ နှစ်သား အရွယ် တွင်ထိခိုက်မှုဖြစ်ကာ အကြား အာရုံမသန်စွမ်းသူ တစ်ယောက်ဖြစ်ခဲ့ရသလိုမိဘများမှာစကားမပြောတတ် နားမကြားသူ များ ပင်ဖြစ်ပါသည်။ နှစ်ပေါင်း ၂ဝ ကျော် နားမကြားအသိုင်းအဝိုင်းတွင် နေလာခဲ့သဖြင့် သူတို့၏ အခက်အခဲနှင့် ဘာသာစကားကိုနား လည်သဘောပေါက်လာခဲ့သည်။
ထို့အတူ မြန် မာနိုင်ငံတွင်လည်း အကြား အာရုံမသန်စွမ်းသူများအတွက် လက်ဟန်သင်္ကေတသတင်း အစီအစဉ်ပြသမှုလည်းမရှိချေ။ကျွန်တော် သည် ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်မှာ မြန်မာ စာအထူးပြု(အေ ဝးသင်)ဖြင့် ဘွဲ့ရရှိခဲ့သော် လည်းအကြားအာရုံမသန်စွမ်းသူမျာကိုလည်း မြန်မာနိုင်ငံတွင်နေရာပေးအလုပ်ပေး နိုင်ခြင်းမရှိခဲ့ပါ။ ကျွန်တော်သည်နားမကြားသူများ၏ သတင်းငတ်နေသောဆန္ဒနှင့်မြန်မာလက်ဟန် သင်္ကေတပြဘာသာစကားကိုမြန်မာလူ့အဖွဲ့ အစည်းကသိစေချင်လိုသောကြောင့်ဒီမိုက ရက်တစ်မြန်မာ့အသံတွင် လုပ် ကိုင်ကာလက်သင်္ကေတသတင်းများကိုကြေညာလျက်ရှိပါသည်။