YOYARLAY

အလွမ်းဟာသ

သီတဂူ အရှင် ဥာဏိဿရ ဆရာတော်ကြီးရဲ့ အဆုံးအမ တော်ထဲက တရားစကားကို

ရွှေကြိမ်လုံးအမြဲ အမှတ် ရနေမိပါတယ်။ “ကံသာလျှင် ကိုယ်ပိုင်ဥစ္စာဆို တော့ တွေသမျှကံတွေကို အကုန်လုံး သိမ်းကျူံးပြီးတော့ သိမ်းဆည်း စုဆောင်း နေမှာစိုးလို့ပြောတာပါ။ ကုသိုလ်ကံတစ် ခုတည်းကို သာလျှင် သိမ်းဆည်းစုဆောင်း ဖို့ပါနော်။

အကုသိုလ်ကံတွေကို သိမ်း ဆည်းစုဆောင်းဖို့မဟုတ်ပါဘူး။ ကိုယ် ပိုင်ဥစ္စာဆိုတာ ကံကောင်းကိုပဲပြော ပါတယ်” သိပ်ကောင်းတဲ့ တရား စကားပါ။ ရွှေကြိမ်လုံး တို့တွေ လက်ရှိရှာဖွေ စုဆောင်းနေကြတာဟာ ကံကောင်း၊ ကံဆိုးဆိုတာ ဘယ်သူမှ မသိနိုင်ပါဘူး။ အကုသိုလ်တွေ လုပ်ပြီး ချမ်းသြွာကယ်ဝနေတဲ့ ဥစ္စာ ပစ္စည်းတွေဟာ တကယ့် အစစ်အမှန်ကိုယ်ပိုင်ဥစ္စာတွေ မဟုတ်ပါဘူး။ တစ်လောကဆိုရင် မှုခင်း သတင်းတွေမှာ လူသတ်မှု သတင်းတွေ ဖတ်ရပါတယ်။ ငယ်ငယ်ရွယ်ရွယ်နဲ့ အသတ်ခံ ခဲ့ကြရတဲ့ သူတို့လေးတွေမှာ အတိတ်ကံ ကြောင့် အဲဒီဝဋ်ြွေကးခံခဲ့ရသလို၊ လော ဘ၊ ဒေါသ၊ မောဟဆိုတဲ့ မကောင်းတဲ့ အကုသိုလ်ကံတွေကြောင့်လည်း ခုလို ကြုံတွေ့ရတာဖြစ်ပါတယ်။

ကုသိုလ်ကံ တွေ သိမ်းဆည်းစုဆောင်းဖို့ဆိုရာမှာ၊ အတိတ်ဘဝ ဆိုတာ ကိုယ်မမြင်ရပါဘူး။ ကောင်းတာတွေလည်းရှိချင်ရှိမယ်။ ဆိုး ချင်တာတွေလည်းရှိမယ်။ ဒါပေမယ့် လက်ရှိပစ္စုပ္ပန်မှာ အဲဒီကုသိုလ်ကံတွေ ကောင်းဖို့ သီလ၊ ဒါန၊ ဘာဝနာတွေမြဲ နေဖို့လိုပါတယ်။ ရွှေကြိမ်လုံးမိတ်ဆွေ တစ်ဦး အကြောင်း ဒီနေရာမှာကြုံတုန်းပြောချင် ပါတယ်။

သူ့ကဘာသာတရားရှိတယ်ဆို တာ ယုံကြည်ပါတယ်။ ဒါပေမယ့် ဗုဒ္ဓရဲ့ ဂုဏ်တော်တွေ ဂါထာတွေရွတ်ဖတ်ပူဇော် သရဇ္ဇယ်တာကို မယုံကြည်ပါဘူး။ ဒါကြောင့် ဘယ်ဘုရားရောက်ရောက် သူ့ ဘုရားရှိခိုးတာ မတွေ့ရပါဘူး။ သူကို မေးခွန်းထုတ်ရင် သူ့ပြောတာလေးရှိပါ တယ်။ “ဘာသာတရားရင်ထဲမှာ ရှိရင်ပြီး တာပဲမဟုတ်လား။ ဒီရွတ်ဖတ်သရဇ္ဇယ်တာတွေဟာ အကျယ်ချဲ့တာပါ”တဲ့။ ရွှေကြိမ်လုံးကတော့ ဒီလိုမမှတ်ယူ စေချင်ဘူး။ ဘာသာတိုင်း ဘာသာတိုင်း မှာ ဘာသာတရားရဲ့ အဆုံးအမဟာ အသက်တစ်ခုလည်းဖြစ်တယ်။

အသက် များများရှည်ဖို့ ဘာသာတရားအဆုံးအမ ရှိမှလည်း ဖြစ်မှာပါ။ ဗုဒ္ဓဟောခဲ့တဲ့ တရားတွေဟာ စိတ်ကိုငြိမ်းချမ်းမှုတွေ အများကြီးပေးနိုင်သလို ယုံကြည် သက်ဝင်မှုများ လာတာနဲ့အမျှ ကုသိုလ်တရားတွေတိုးပွားလာတယ်။ ကိုယ်ပိုင်ဥစ္စာတွေ ပိုရှိလာတယ်။ ဒီနေရာ မှာမေးစရာတွေ ထပ်ရှိလာ မှာပါ။ ကိုယ်ပိုင်ဥစ္စာတွေ တိုးပွားတယ်ဆိုတဲ့နေရာမှာ စည်းစိမ်း ဥစ္စာတွေလားဆိုချင် ဆိုကြမှာပါ။ စည်း စိမ်ဥစ္စာထက် အရေးကြီးတာဟာ ဒီဘဝမှာပိုင်ဆိုင်ပြီး နောင်ဘဝထိ ယူ ဆောင်သွားရမယ့် ကုသိုလ်ကံတွေသာ ဘဝတစ်ခုလုံးအတွက် အလှအပနဲ့အမှန် တရားစစ်တွေပါ။ ဂရိပုံပြင်လေးတစ်ပုဒ် ပြောပြချင်ပါ တယ်။ ဂရိနတ်မင်းကြီး(Zeus)ဇူးစ်ဟာ လောကကြီးကို ဖန်ဆင်းလိုက်တယ်။

ကြယ်တွေ၊ နေတွေ၊ လတွေ ပင်လယ် သမုဒ္ဒရာ၊ တောတောင်တရိစ္ဆာန်နဲ့ ကမ္ဘာ မြေကြီးကို ဖန်ဆင်းလိုက်တယ်။ နောက် ထပ်ယောကျာ်းမိန်းမတွေကို ဖန်ဆင်း လိုက်တယ်။ နောက်ဆုံးအရေးကြီးလှတဲ့ အလှ အပနဲ့ အမှန်တရားကိုဖန်ဆင်းပြီးနောက်မှာ နတ်သဘင်အစည်းအဝေးခေါ်ပြီး ဇူးစ် နတ်မင်းကြီးက ပြောတယ်။ “အလှအပနဲ့ အမှန်တရားကို ငါ ဖန်ဆင်းလိုက်ပြီ။

ဒါပေမယ့် ဒါကိုလူတွေ လွယ်လွယ်နဲ့ရှာမတွေ့တဲ့ အနက်ရှိုင်း ဆုံးနေရာမှာဝှက်ရမယ်။ သိပ်လွယ်လွယ် နဲ့ရှာတွေ့ရင် လူတွေကတန်ဖိုးထားကြ မှာမဟုတ်ဘူး။ ဒါကြောင့် လုံ့လဝီရိယ ကြီးတဲ့ သူမှသာ မတွေ့မနေရှာမှတွေ့နိုင် မယ့်နေရာမှာ ဝှက်ရမယ်ဆိုတော့ ဘယ် နေရာဝှက်ရင်ကောင်းမလဲ” ဆိုတော့ နတ်မင်းတစ်ပါးက“ပင်လယ် သမုဒ္ဒရာအောက်မှာ ဝှက်ထားရင် ရှာ မတွေ့နိုင်ပါဘူး”ဆိုတော့ ကျန် တဲ့နတ်တွေက “လူတွေဟာ အင်မတန် စူးစမ်းတတ်တဲ့ သတ္တဝါဖြစ်သလို၊ တောင် ထိပ်တောင် လွယ်လွယ်နဲ့ သွားနိုင်တာဖြစ်သလို ဒီ နေရာမျိုးကို လွယ်လွယ်နဲ့ ရှာတွေ့မှာပဲ”လို့ဆိုပါတယ်။

နတ်တွေလည်း တစ်ယောက် တစ်ပေါက်နဲ့ အကြံတွေပေးလိုက် ကန့် ကွက်လိုက်နဲ့ နေကြတာ ဇူးစ် နတ်မင်းကြီး စိတ်ညစ်နေ ခိုက်ပညာရှိ နတ်သားတစ်ပါးက “ရှာရအခက်ဆုံးနေရာသိပါတယ်” လို့ဆိုတော့ အားလုံးအံ့ဩ သွားသလို ဇူးစ်နတ်မင်းကြီးက“ ပြောပါ”လို့ ဆိုရမှာ နတ်သားက ဒီလိုဆိုပါတယ်။ “အလှအပနဲ့ အမှန်တ၇ားကို လူတွေရဲ့ နှလုံးသားထဲမှာဝှက်ထားလိုက် ပါ။ လူတွေဟာ အပြင်မှာပဲရှာလိမ့်မယ်။ ဒါကြောင့် နှလုံးသားထဲမှာ ဝှက်ထားတဲ့ အလှအပနဲ့အမှန်တရားကို တော်တော် တန်တန်လူတွေ့နိုင်မှာ မဟုတ်ဘူး။

အင်မတန်ဥာဏ်ကြီးတဲ့သူ အင်မတန်လုံ့ လ ဝီရိကြီးတဲ့သူမှသာ တွေ့နိုင်မယ်” ဆိုတော့ အားလုံးကသဘောကျကြပါ တယ်။ ဘဝမှာ ကံသာလျှင်ကိုယ်ပိုင်ဥစ္စာ ဆိုတဲ့နေရာမှာ ကုသိုလ်ကံကို သိမ်း ဆည်းစုဆောင်းဖို့ မဖြစ်မနေနှလုံးသားထဲ ရှိနေတဲ့ အလှအပနဲ့အမှန်တရားဟာ အရေးကြီးဆုံးအချက်မှာ ပါဝင်ပါတယ်။ အင်မတန်မှÓာဏ်ကြီးခြင်း၊ လုံ့လဝီရိယ ကြီးခြင်းမရှိဘူးဆိုရင် ကိုယ့်ဘဝအတွက် သိမ်းဆည်းစုဆောင်းရမယ့် ကုသိုလ်ကံ တွေဟာ တဖြေးဖြေးဝေးဝေးရာက်သွား နေပြီဆိုတာတော့ သတိချပ်သင့်ပါတယ်။

ရွှေကြိမ်လုံး

မန္တလေးအာရုဏ်ဦး

ကြော်ငြာများ