YOYARLAY

ခုန်ထွက်မလား

ခုန်ထွက်မလားဆောင်းပါးရဲ့ ခေါင်းစဉ် အပြည့်အစုံက "ခုန်ထွက်မ လား၊ အေးဆေး နေ မလား၊ Boiling Frog" ပဲဖြစ်ပါတယ်။ ဒီဆောင်း ပါးကို ရေးဖြစ်တာကလည်း ဆရာကြီးပါမောက္ခ ဒေါက်တာအောင် ထွန်း သက်ဆီကို မန်နေဂျာ တစ် ဦးက ရေးသားမေးမြန်းထားတဲ့ စာတစ်စောင်ကို ဆရာကြီးက လိမ္မာ ယဉ်ကျေးစွာ၊ လေးနက် တည်ကြည် စွာပြန်ဆိုပေး ထားတဲ့ ပေးစာ ကို HR ဂျာနယ်က Management Consultancy ကဏ္ဍမှာ ဖတ်လိုက်မိရာက စတယ်လို့ဆိုရမှာပါ။

ဆရာကြီးရဲ့ အတွေး အမြင်ကို ထပ်ဆင့်ပွား တွေးတောမိရာက ဒီဆောင်း ပါးဖြစ်ပေါ် လာရတာမို့ ဆရာကြီး ရဲ့ ကျေးဇူးဂုဏ်ကိုလည်း အလေးအနက် ထားမိပါရဲ့။ မေးခွန်းကိုမေးထားတဲ့ မန်နေဂျာက သူဟာ မန်နေဂျာတစ်ဦး အဖြစ် ကုမ္ပဏီ တစ်ခုမှာ အလုပ်ဝင်ခဲ့တာ လုပ်သက် ဆယ်နှစ်ကျော်ခဲ့ ပြီဆိုတဲ့ အကြောင်းနဲ့ သူ့ရဲ့ မိတ်ဆွေသူငယ်ချင်းတွေ ကတော့ သူ့လို မူလအလုပ်မှာပဲ ဖင်သေထိုင်မနေဘဲ ဟိုပညာရပ်တွေ၊ ဒီပညာရပ်တွေကို ဆက်လက်လေ့ လာ၊ ဟိုသင်တန်း၊ ဒီ သင်တန်းတွေကို ဆက်တက်ပြီး လက်ထဲမှာ တိုးပွားရရှိတဲ့ ဘွဲ့လက်မှတ်၊ ဒီပလိုမာ လက်မှတ်တွေနဲ့ အလုပ်တွေ မကြာခဏ ပြောင်း၊ ရာထူးသစ်တွေ လက်ခံရရှိကြ၊ အဆင့်မြင့် သွားကြတဲ့ အကြောင်း ပြောပါ တယ်။

သူတို့ကို အားကျမိပေမဲ့ သူ့မှာတော့ အလုပ်တွေကြားထဲမှာပဲ နစ်မြုပ်ပြီး တခြား ကိစ္စတွေကို စိတ်ဝင်စား လေ့လာသင်ယူဖို့ ကို အချိန်မပေးနိုင် တဲ့အတွက် ရှိရင်းစွဲ မန်နေဂျာအလုပ်မှာ နေနေရကြောင်း ပါတယ်။ အဲဒီ "ကိုဖင်မြဲ" မန် နေဂျာဟာ သူ့အလုပ်မှာ တာဝန်ကျေ ပွန်အောင်၊ ဝတ္တရားမ လစ်ဟင်းရအောင် အချိန်ပြည့် တာဝန် ယူဆောင် ရွက်ခဲ့ သူဖြစ်နေလေတော့ သူ့မှာ အလုပ်ချိန်ကအပ အချိန်ပိုရ ဟန် မတူပါ ဘူး။

ဒီတော့ Life long learning ဆိုသလို တစ်သက်တာလုံး လေ့လာ သင်ယူစရာတွေကို လေ့လာသင်ယူရမှာ ဖြစ်ပေ မဲ့ သူ့မှာ သင်ယူနိုင်ဖို့ အချိန်နည်းခဲ့ ဟန်တူပါတယ်။ ဒီ တော့ မန်နေဂျာတစ်ဦး ရဲ့ လုပ်ငန်းတာဝန်ကလွဲလို့ တခြား ဘာတစ်ခုမှ ဘဝရဲ့တိုးတက် စရာကိစ္စတွေ ကို ဆောင်ရွက်မိဟန်မတူပါဘူး။ သတိထားမိ ခဲ့ဟန် မတူပါဘူး။ မကြာခင် အငြိမ်းစားယူရတော့မယ့် အနေအထားကို ရောက်နေပြီ။ ဒီအချိန်မှာ သူဘာဆက်လုပ်သင့်သလဲဆိုတာကို ဆရာ ကြီးဆီ အကြံတောင်းထားတာပါ။ ဒီတော့ ဆရာကြီးက နည်း လမ်းနှစ်သွယ်ကဏ္ဍနှစ်ခု ခွဲပြီး ပြောပါတယ်။

ပထမနည်းလမ်းက တော့ ရာထူးအဆင့်အတန်းအကြီး အကျယ်တိုးတက်လာမှာ မဟုတ်ပေမဲ့ ဆုတ်ယုတ်သွားမှာမဟုတ်တဲ့ အခြေအနေ ကြောင့် ပိုနေမြဲ ကျားနေမြဲ အခြေအနေ ကို ရွေးချယ်ဖို့ဖြစ်ပါတယ်။ နွံထဲကနေ ရုန်းမ ထွက်နိုင်တဲ့ သဘောတော့ရှိပါတယ်။ ဒုတိယလမ်း ကတော့ လက်ရှိ အခြေ အနေ ကိုလက်မခံ ဘဲ ရနိုင်မယ့် အခွင့် အလမ်းတွေရှာဖို့ဖြစ်ပါတယ်။

ဒီလမ်းမှာ Risk ဆိုတဲ့ စွန့်စား မှုတွေတော့ ရှိလိမ့်မယ်။ ဘယ်လိုရာထူးတက်မယ်၊ ဘာတွေဖြစ်လာ ပြောပါတယ်။ ဒီနေရာမှာ ဆရာကြီးက ဆောင်းပါး အစမှာ ပြောခဲ့တဲ့ သဘောထား "Boiling Frog" ဥပမာနဲ့ပြောခဲ့တာပါ။ လူတိုင်းလူတိုင်းပဲ တစ်ဖက်မှာက ပြောင်းလဲ ချင်ကြ တယ်။ ပြောင်းလဲချင်တဲ့ စိတ်နဲ့ အတူ ပြောင်းလဲမှုကို ဆန့်ကျင်တဲ့ စိတ်ဟာလည်း ပေါ်လာတတ်တာဟာ သဘာဝကျတဲ့ ကိစ္စဖြစ်တယ်။ ဒါကို ကျော် လွှားနိုင်အောင် ကြိုးစားနိုင် ရင် ကောင်း ပါတယ်။ ဒီနေရာမှာ စောစောက ပြောတဲ့ Boiling Frog မသါ အကြောင်းပြောပြ ထားတယ်။ ရေတွေဟာ ခွက်တစ်ခု ထဲမှာ ဆူပွက်လောက်အောင် ပူနေသတဲ့၊ အဲဒီ ခွက်ထဲကို ဖားတစ်ကောင်ကို ချလိုက်တဲ့ အခါ အဲဒီဖားဟာ အဲဒီခွက်ထဲကနေ ချက်ချင်းခုန်ထွက် မှာ သေချာတယ်။

ပူတာကြောင့် ဘယ်မှာ ရေပူ၊ ရေနွေးထဲမှာ ကြာရှည်နေချင်ပါ့မလဲ။ ချက်ချင်းခုန်ထွက် မှာပဲ ဒီလိုခုန်ထွက်တဲ့အတွက် ဖားကို အပြစ်တင်လို့မရသလို ပူနေ တဲ့ ရေကို လည်း လက်ညှိုးမထိုးသင့်ပါဘူး။ ပူနေတဲ့ရေဆိုတဲ့ အခြေအနေ တစ်ခု ဆီကိုရောက်သွားတဲ့ ဖားဟာ ဘယ်နည်းနဲ့ မဆို ခုန်ထွက်တာဟာ သဘာဝကျတယ်၊ သင့်တယ်။ သူနေလို့ ထိုင်လို့မရနိုင်တဲ့ ခက်ခဲတဲ့ အခြေအနေကိုး၊ တကယ်လို့များ အဲဒီရေပူတွေကို သွန်ချပစ်ပြီး အဲဒီရေပူ တွေရဲ့ နေရာ မှာ ရေအေးတွေ ထည့်လိုက် မယ်။

ရေအေးတွေရောက်လာမယ်ဆိုရင် အဲဒီဖားရဲ့ အခြေအနေက တစ်မျိုးဖြစ်သွား မှာသေချာတယ်။ ဖားဟာရေပူခွက်ထဲက ရုတ်တရက် ခုန်ထွက်သလို မျိုး ရေအေးခွက်ထဲကနေ ခုန်ထွက်တော့မှာ မဟုတ်တော့ဘူး။ ပျော်ပါးရွှင်လန်းစွာ အဲဒီရေထဲမှာ ရေကူး နေကောင်း နေ လိမ့်မယ် ။ ရေငုပ်နေ ကောင်း နေ လိမ့်မယ်။ အေးချမ်းတဲ့ အနေအထားဟာ အဲဒီဖားကို ပျော်ရွှင်နေ စေလိမ့်မယ်။ အခြေအနေသစ်တစ်ရပ် အတွက် အ ဆင်ပြေနေမှာ လည်း အမှန်ပဲ။ ဒါပေမဲ့ အဲဒီခွက်ရဲ့အောက်ကနေ မသိမသာ အပူပေးလိုက်တဲ့အခါမှာ အဲဒီ ဖားဟာ ရေပူ ရေဆူထဲကို ရုတ်တရက် ဆင်းလိုက်ရသလိုမျိုး အခြေအနေတော့ ဟုတ်မှာ မဟုတ်ဘူး။

မသိမသာ တဖြည်း ဖြည်းပူလာတာကိုး။ ဒီလို ပူလာတာကို ခံနိုင်မယ်လို့ ဖားကလေးက ထင်နေတယ်။ ပြောင်းလဲလို့ရမယ်လို့လည်း အတွေး ရောက်နေတယ်။ ခုန်ထွက်ရမယ့် အစား ခံနိုင်ရည်ရှိအောင်သာ ကြိုးစားနေတော့ တယ်။ ဒီလိုနဲ့ ရေဟာ တဖြည်းဖြည်း ပူသထက်ပူလာတဲ့အခါကျတော့ ရေဟာ ပွက်ပွက်ဆူ လာတော့တယ်။ ဒီတော့ အဲဒီ ဖားကလေးဟာလည်း ရေနွေးထဲမှာပဲ သေဆုံးသွားရတယ်။ Change Management လို့ခေါ်တဲ့ ပြောင်းလဲမှုကို စီမံအုပ်ချုပ်တဲ့ အရာတွေနဲ့ ပတ်သက်ပြီးဆရာက အဲဒီလို ဥပမာပေးခဲ့ ဖူးတယ်။ မန်နေဂျာတစ်ယောက်ရဲ့ လက်ရှိ ဘဝကို ကျေနပ်မှုမရှိတဲ့သူ တစ်ဦးသာ ဆိုရင် ပြောင်း ကို ပြောင်းရပါလိမ့်မယ်။ ပြောင်းလည်းပြောင်းကြည့်ပါ။

ပြောင်းလဲမှု လုပ်တာ အသက်အရွယ်နဲ့မဆိုင်ဘူး။ ပြောင်းရဲတဲ့ သတ္တိနဲ့ပဲဆိုင်တယ်။ အေးအေး နေမလား၊ ခုန်ထွက်မလား၊ တဖြည်းဖြည်း ပူပြင်းလာတဲ့ အနေ အထားအောက်မှာပဲ ထောက်ပြတာပါ။ အပြောင်းအလဲဆိုတာ လူတစ်ယောက် ရဲ့ ဘဝနဲ့သာမက ဒါထက်မကတဲ့ အတိုင်း အတာတွေအထိ သက်ဆိုင်နိုင် ပါတယ်။ ကိုယ့်ရဲ့စွန့်စားရဲမှုက ကိုယ့်ဘဝကို ပြဋ္ဌာန်း ပါလိမ့်မယ်။ လက်ရှိအနေအထားက ခံစားခွင့်ကလေး တစ်စုံတစ်ရာတော့ ရှိပါရဲ့။ မိမိဖြတ်သန်းမှု၊ အတွေ့ အကြုံ၊ ကျွမ်းကျင်လိမ္မာမှုတွေအရ အထိုက် အလျောက်လည်း အဆင်ပြေပါရဲ့။ ဒီအတွက် ကျေနပ်နှစ်သိမ့်ပြီး ပိုနေမြဲ ကျား နေမြဲနေ မယ်ဆိုရင် လည်း နေလို့ ရပါရဲ့။

ဒါဆိုရင် ရေအေးထဲမှာပဲ ပျော်ရွှင်ကူးခတ် နေတဲ့ ဖားကလေးလို ကိုယ့်ကိုယ်ကိုယ် သဘောထားလိုက်ပါ။ ဒီလိုမဟုတ်လို့ လက်ရှိအနေအထား က ပူပြင်း လွန်းတယ်ထင်ရင်တော့ ရေနွေး ထဲရောက်သွားတဲ့ဖားလို ခုန်ထွက်လိုက်တာ ကောင်းပါတယ်။ အဲဒီလိုမှ မဟုတ်ရင်ပြောင်းလာတဲ့ အခြေအနေ ကို  စောင့် ကြည့် ရင်း၊ စောင့်ကြည့်ရင်း ရေအေးက ရေနွေး ဖြစ်၊ ရေနွေးက ရေပူ၊ ရေပူက ရေဆူ ဖြစ်လာပြီးမှ အသက်ဆုံးသွားရတဲ့ ဖားမျိုး ဆိုရင်တော့ သင့်မယ် မထင်ဘူး။ဘယ်ဖား မဆို ပူလွန်းရင် ခုန်သင့်တယ်။ ခုန်မလား ခုန်ပါ။ သက်သောင့်သက်သာရှိတဲ့ အနေ အထားကိုရောက်နေ ရင် အေးဆေး နေ မလား နေပါ။ အခြေအနေတွေကို စောင့်ပြီး ကိုယ့်ကိုယ်ကိုယ် အသေခံ သွားမှာကိုတော့ ရှောင်စေချင်ပါတယ်။

ထက်ကျော်

အခွင့်အလမ်း

ကြော်ငြာများ