ရိုးရာလေး


Back ပင်မစာမျက်နှာ စာအုပ်စင် စာအုပ်စင် ဆောင်းပါး ၂ဝ၁၂ ခုနှစ်ထဲမှာ တရုတ်က ဘာကို လိုချင်နေတာလဲ

၂ဝ၁၂ ခုနှစ်ထဲမှာ တရုတ်က ဘာကို လိုချင်နေတာလဲ

၂ဝ၁၂ ခုနှစ်ထဲမှာ တရုတ်က ဘာကို လိုချင်နေတာလဲစီးပွားရေး အရ ကမ္ဘာလုံး ဆိုင်ရာ ဆက်စပ် ယှက်နွယ်မှု၊ နိုင်ငံစုံ ကြီးစိုးတဲ့ ခေတ် ပေါ်ထွန်းလာမှုနဲ့ အတူ တရုတ်နိုင်ငံနဲ့ ဖွံ့ဖြိုးတိုးတက် လာတဲ့ အခြားနိုင်ငံ တွေဟာ ၂ဝ၁၂ ခုနှစ်ထဲမှာသာမက လာမယ့်ရာစုနှစ် တွေမှာ အရေးပါတဲ့ အခန်းကဏ္ဍ ကနေ ဦးဆောင် ပါဝင် လာကြတော့မှာ ဖြစ်ပါတယ်။

တရုတ်နိုင်ငံရဲ့စီးပွား ရေးအင်အားနဲ့ ကမ္ဘာ့ စီးပွားရေးမှာ သူ့ရဲ့ အရေးပါမှုက ၂ဝဝ၈ ခုနှစ် ဘဏ္ဍာရေးအကျပ်အတည်း ဖြစ်ပြီး တဲ့နောက်မှာ ပိုပြီးမြင့်တက်လာနေ တယ်။ အဲဒါကြောင့် တရုတ်နဲ့ အမေရိကန် နှစ်နိုင်ငံ ဟာ G-2 အစီအစဉ်အောက်မှာ ကမ္ဘာကို ဦး ဆောင်သင့်တယ်ဆိုတဲ့ စိတ်ကူး စိတ်သန်းတစ်ခု ပေါ်ပေါက်လာခဲ့တယ်။

ဒါပေမယ့် ဒီ G-2 မူဘောင် စိတ်ကူး စိတ်သန်း ဟာ တရုတ်နိုင်ငံရဲ့ လွတ်လပ်တဲ့ နိုင်ငံခြားရေးမူဝါဒနဲ့ မကိုက်သလိုနိုင်ငံတကာအဖွဲ့အစည်း အတွင်း ပထဝီနိုင်ငံရေး မတူ ကွဲပြား မှုကလည်း အဆင်မပြေလှပါဘူး။

ဒီနှစ်ထဲမှာ တရုတ်ထိပ်ပိုင်း ခေါင်း ဆောင်အပြောင်းအလဲ ရှိနိုင်ပေမယ့် ဒီမူကတော့ အပြောင်းအလဲ ဖြစ် မလာနိုင်ပါဘူး။ တရုတ်ဝန်ကြီးချုပ် ဝမ်ကျားပေါင်ဟာ (၁၁)ကြိမ်မြောက် တရုတ်-ဥရောပ ထိပ်သီးဆွေးနွေးပွဲကို တက်ရောက်ဖို့ ၂ဝဝ၉ ခုနှစ်၊ မေလတုန်းက ချက်ပြည်သူ့သမ္မတနိုင်ငံက Prague မြို့ကို သွားရောက်ခဲ့တယ်။

အဲဒီထိပ်သီးဆွေးနွေး ပွဲမှာ ဝန်ကြီးချုပ် ဝမ်ကျားပေါင်က G-2 မူဘောင် စိတ်ကူးစိတ်သန်းကို လက်မခံနိုင်တဲ့ အကြောင်း ရှင်းရှင်းလင်းလင်းပဲ ပြောဆိုခဲ့တယ်။ တရုတ်နိုင်ငံရဲ့ ခိုင်မာတဲ့ ရည်ရွယ်ချက်က အင်အား သုံးပြီးကြီးစိုးဖို့ မဟုတ်သလို၊ အင် အားငယ်တဲ့ နိုင်ငံလေးတွေအပေါ်မှာ လွှမ်းမိုးဖို့ ကြိုးစားတာ ကိုလည်း ဘယ်တော့မှ ထောက်ခံမှာ မဟုတ် ဘူးလို့ ပြောဆိုခဲ့တယ်။

တရုတ်နိုင်ငံအနေနဲ့ အခိုင် အမာ ယုံကြည်ထားတာက ဥရောပ အပါအဝင် အင်အားကြီးနိုင်ငံတွေ အားလုံးနဲ့ လေးလေးနက်နက် ပူးပေါင်းဆောင် ရွက်ဖို့ပဲ ဖြစ်တယ်။ ဥရောပသမဂ္ဂရဲ့ ခိုင်မာလေးနက်မှု ဟာဥရောပတိုက်ကြီး အတွက် တကယ့် အင်အားတစ်ခု ဖြစ်တယ်။

ဥရောပ မှာ လတ်တလောအားဖြင့် အခက် အခဲတွေကို ရင်ဆိုင်နေရပေမယ်လို့ ဒါကို ကျော်လွှားနိုင်စွမ်း ရှိတယ်။ တရုတ်နိုင်ငံကတော့ ဥရောပ သမဂ္ဂရဲ့ စုစည်းညီညွတ်မှု ကို အမြဲပဲ ထောက်ခံအားပေး ပါတယ်။

ဥရောပ သမဂ္ဂအနေနဲ့ နိုင်ငံတကာအဖွဲ့ အစည်းမှာ ဒေါက်တိုင်တစ်ခု ဖြစ် လာဖို့ကိုလည်း မျှော်လင့်ထားတယ်။ ကမ္ဘာ့ဘဏ္ဍာရေး အကျပ်အတည်းနဲ့ ယူရိုဇုန်မှာ ဖြစ်နေ တဲ့ ကြွေးမြီ ပြဿနာကို ကူညီကယ်ဆယ်တဲ့ အနေနဲ့ တရုတ်နိုင်ငံက အစိုးရတွေရဲ့ ချေးငွေစာချုပ်တွေကို ဝယ်ယူခဲ့ သလို၊ တိုက်ရိုက်ရင်းနှီးမြှပ်နှံမှုတွေနဲ့ ဥရောပကို စီးပွားရေးလုပ်ငန်းရှင်တွေ စေလွှတ်ခဲ့တယ်။

၂ဝ၁၁ ခုနှစ်၊ ဧပြီလ စပိန်ဝန်ကြီးချုပ် José Luis Zapatero’s တရုတ်နိုင်ငံကို လာ ရောက် လည်ပတ်စဉ်တုန်း ကဆိုရင် ဥရောပရဲ့ ဘဏ္ဍာရေးအကျပ် အတည်းကို ကူညီကယ်ဆယ်မှုကို ပြသလိုတဲ့အနေနဲ့ ချေးငွေစာချုပ် တွေကိုဆက်ပြီး ဝယ်ယူမယ် ဆိုတဲ့ အကြောင်း ဝန်ကြီးချုပ် ဝမ်ကျားပေါင် ကိုယ်တိုင်က ထပ်မံကတိပြု ပြော ဆိုခဲ့တယ်။

တရုတ်နိုင်ငံရဲ့ ကြီးမားတဲ့ ဈေးကွက်ကြီးနဲ့ အလုပ်သမားဈေး ချိုမှုကလည်း ဥရောပသမဂ္ဂအတွက် အရေးပါတဲ့ အခွင့်အလမ်းတစ်ခု ဖြစ်နေခဲ့တယ်။ နိုင်ငံစုံကြီးစိုးတဲ့ ခေတ်သစ်မှာ တရုတ်နိုင်ငံနဲ့ ဥရောပသမဂ္ဂဟာ အလုပ်အတူ လက်တွဲ လုပ်ရမှာ ဖြစ်တယ်။ ပူးပေါင်းဆောင်ရွက်မယ် ဆိုရင် တကယ့်ကို အရေးကြီးတဲ့ အချိန်ကိုရောက်နေပြီ ဖြစ်တယ်။

ကျွန်တော်တို့ လုပ်ရမယ့်အလုပ်က အခွင့်အလမ်းတွေကို မျှဝေဖို့နဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖို့ပဲ ဖြစ် တယ်လို့ဆိုတယ်။ ဖွံ့ဖြိုးတိုးတက်မှု တွေဟာ တရုတ်ပြည်သူတွေရဲ့အကျိုး စီးပွားအတွက်သာမက ကမ္ဘာကြီး ရဲ့ အနာဂတ်အတွက် လည်း တိုက်ရိုက်အကျိုးကျေးဇူး ဖြစ်စေတယ်။

တရုတ်-ဥရောပ ပူးပေါင်းဆောင် ရွက်ရေးဟာ ကမ္ဘာ့ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ဆက်လက်ဆောင် ရွက်ဖို့အတွက် အရေးကြီးတယ်။ နိုင်ငံတကာ ပြဿနာတွေကို နိုင်ငံ ရေးနည်းလမ်းနဲ့ ဖြေရှင်းဖို့လည်း ကတိပြုတယ်၊ အစုလိုက်အပြုံလိုက် သေစေနိုင်တဲ့ လက်နက်တွေ ပျံ့နှံ့ တာ၊အကြမ်းဖက်မှုတွေနဲ့ ရာသီဥတု ပြောင်းလဲမှုစတဲ့ နိုင်ငံတကာ ပြ ဿနာတွေကို ဖြေရှင်းရာမှာ နှစ် ဖက်စလုံးက အရေးပါတဲ့အခန်းကဏ္ဍ က ပါဝင်မှာဖြစ်တယ်လို့ ဝန်ကြီးချုပ် ဝမ်ကျားပေါင်က ပြောဆိုခဲ့တယ်။

တရုတ်နိုင်ငံရဲ့ (၁၂)ကြိမ်မြောက် (၅)နှစ်စီမံချက်နဲ့ ဥရောပသမဂ္ဂရဲ့ ၂ဝ၂ဝ ကမ္ဘာ့မဟာဗျူဟာ အပြိုင် တည်ထောင် လိုက်တာဟာကျွန်တော် တို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုကို ပိုပြီး လေးနက်စေတယ်။ ၂ဝဝ၈ ခုနှစ် ကမ္ဘာ့ဘဏ္ဍာရေး အကျပ်အတည်း ဖြစ်ပြီးတဲ့ နောက်မှာ တရုတ်နဲ့ ဥရောပသမဂ္ဂဟာ ပိုပြီးပူးပေါင်း ဆောင်ရွက်လာတယ်။

နိုင်ငံတကာ ဘဏ္ဍာရေးစနစ် ပြုပြင်ပြောင်းလဲ တာကို မြှင့်တင်မယ်၊ ကိုယ်ကျိုး စီးပွားကာကွယ်ရေးမူဝါဒကို ဆန့် ကျင်တယ်။ ဒီလို လုပ်ခြင်း အားဖြင့် ကမ္ဘာ့စီးပွားရေး ပြန်ပြီးနာလန်ထူဖို့ ပိုပြီး လွယ်ကူစေမှာ ဖြစ်တယ်။ တရုတ်နိုင်ငံဟာ အမေရိကန် ပြည်ထောင်စုနဲ့လည်း လေးနက်တဲ့ ဆက်ဆံရေးတွေ ထားရှိပါတယ်။ ကျွန်တော်တို့ရဲ့ နှစ်နိုင်ငံဆက်ဆံရေး ဟာ နိုင်ငံတကာ အဖွဲ့အစည်းမှာ အရေးအကြီးဆုံး ဖြစ်ပါတယ်။

၁၉၇၉ ခုနှစ် နှစ်နိုင်ငံသံတမန် ဆက်ဆံရေး တည်ထောင်ချိန်ကစလို့ နှစ်နိုင်ငံ ဆက်ဆံရေးဟာ အခက်အခဲတချို့ ရှိခဲ့တယ်။ ဒါပေမယ့် ခြုံကြည့်မယ် ဆိုရင်တော့ နှစ်ဖက်လုံးအကျိုးရှိ တယ်လို့ဆိုရမှာ ဖြစ်တယ်။

ဒီနေ့ တရုတ်-အမေရိကန်ဆက်ဆံရေးဟာ ပုံမှန်ထက်ပိုပြီး အကျိုးဖြစ်ထွန်း နေတယ်။ ပိုပြီးတော့ ကျယ်ကျယ် ပြန့်ပြန့် ပူးပေါင်းဆောင်ရွက်နိုင်ဖို့ အတွက် လည်း တွန်းအားပေး နေတဲ့ အလားအလာတွေလည်း ရှိနေပါတယ်။

၂ဝ၁၁ ခုနှစ်၊ ဇန်နဝါရီလတုန်း က တရုတ်သမ္မတ ဟူကျင်တောင် အမေရိကန်ပြည်ထောင်စု ကို သွားပြီး လည်ပတ်ခဲ့တယ်။ တရုတ်-အမေ ရိကန် ပူးပေါင်းဆောင်ရွက်ရေးဟာ အပြန်အလှန်လေးစားမှုနဲ့ အပြန် အလှန် အကျိုးပြုမှုအပေါ်မှာ အခြေ ခံပြီး ဆောင်ရွက် မယ်လို့ သမ္မတ ဟူကျင်တောင်နဲ့ သမ္မတဘားရက် အိုဘားမားတို့ သဘောတူညီမှု ရရှိခဲ့ ကြတယ်။

တရုတ်နိုင်ငံရဲ့ အချုပ် အခြာအာဏာနဲ့ ပိုင်နက်နယ်မြေကို လေးစားမယ်၊ အာရှ-ပစိဖိတ်ဒေသ အပါအဝင် နယ်ပယ်အသီးသီးမှာ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်နိုင် ရေး၊ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ခြိမ်းခြောက်နေတဲ့ ဒေသတွင်းနဲ့ ကမ္ဘာ့ စိန်ခေါ်မှုတွေကို ပူးတွဲတုံ့ပြန်မှု (ဥပမာအားဖြင့် ကိုရီးယားကျွန်းဆွယ် လိုပြဿနာမျိုးတွေ ဆောင်ရွက် ကြမယ်)။

တရုတ်နိုင်ငံဟာ အကြီးမားဆုံး ဖွံ့ဖြိုးဆဲနိုင်ငံ တစ်နိုင်ငံ ဖြစ်ပါတယ်။ ဥရောပသမဂ္ဂဟာ ဖွံ့ဖြိုးပြီးနိုင်ငံတွေ စုဖွဲ့ထားတဲ့ အကြီးမားဆုံးအစုအဖွဲ့ ဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင် စုကတော့ တစ်ခုတည်းသော အကြီး မားဆုံးဖွံ့ဖြိုးပြီး နိုင်ငံတစ်နိုင်ငံ ဖြစ်ပါ တယ်။

ကျွန်တော်တို့ဟာ အတူတ ကွစုစည်းနိုင်မယ်ဆိုရင် ကမ္ဘာ့စီးပွား ရေးရဲ့ သုံးပုံနှစ်ပုံ၊ လူသားထုတစ်ရပ် လုံးရဲ့ သုံးပုံတစ်ပုံခန့် နီးပါးရှိမှာ ဖြစ်ပါတယ်။ ကမ္ဘာ့ အကြီးမားဆုံး အစုအဖွဲ့ သုံးခု ဖြစ်တာကြောင့် ကျွန်တော်တို့ ဟာ ပူးပေါင်းဆောင်ရွက်မှုကို အခိုင် အမာလုပ်ဆောင်ရမှာ ဖြစ်သလို၊ ကျွန်တော်တို့ အားလုံးအတွက် စိန်ခေါ်မှုတွေဖြစ်နေတဲ့ နိုင်ငံတကာ ပြဿနာတွေကို ရင်ဆိုင်နိုင်ဖို့ အတွက် ကျန်ကမ္ဘာ့နိုင်ငံတွေနဲ့လည်း ပူးပေါင်းဆောင်ရွက် ရမှာ ဖြစ်ပါတယ်။

တရုတ်နိုင်ငံဟာ လွတ်လပ်တဲ့ နိုင်ငံခြားရေးမူဝါဒအတိုင်း ဆက်ပြီး ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ အထီး ကျန် ဆန်ဆန်နေသွားလို့ ဖွံ့ဖြိုး တိုးတက်မှု မရနိုင်ပါဘူး။ ကမ္ဘာကြီး ဟာလည်း တရုတ်မပါရင် မအောင် မြင်နိုင်ပါဘူး။

၂၁ ရာစုဟာ ငြိမ်းချမ်း တဲ့ရာစု၊ ဖွံ့ဖြိုးတိုးတက်တဲ့ရာစု၊ ပူး ပေါင်းဆောင်ရွက်ရမယ့် ရာစုလို့ သမ္မတဟူကျင်တောင်က ပြောဆိုခဲ့ဖူး ပါတယ်။ တကယ်ကို စစ်မှန်ပြီး ဟန်ချက်ညီတဲ့ ကမ္ဘာကြီး ဖြစ်ပေါ် လာဖို့ အတွက်ဆိုရင် တရုတ်နိုင်ငံ အနေနဲ့ ဥရောပသမဂ္ဂနဲ့ရော၊ အမေရိကန်ပြည်ထောင်စုနဲ့ ကျန် ကမ္ဘာ့နိုင်ငံတွေ အားလုံးနဲ့ ပူးပေါင်း ဆောင်ရွက်ဖို့ ဆန္ဒရှိနေပါတယ်။

(Li Zhaoxing ရဲ့ဆောင်းပါးကို ဆီလျော်သလို ဘာသာပြန် ဆိုခြင်း ဖြစ်ပါ တယ်။ Li Zhaoxing ဟာ ၂ဝဝ၃-၂ဝဝ၇ ခုနှစ်မှာ တရုတ်နိုင်ငံခြားရေး ဝန်ကြီးတစ်ဦးအဖြစ် ဆောင်ရွက်ခဲ့ပြီး အခုအခါမှာတော့ အမျိုးသား ပြည်သူ့ ကွန်ဂရက် နိုင်ငံခြားရေးကော်မတီမှာ ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်နေပါတယ်။)

Popular News

Popular News
  • Comment
  • Facebook Comment