YOYARLAY

အီရတ်၏ ရေနံထုတ်လုပ်မှု နှစ်ပေါင်း ၂၀ အတွင်း အမြင့်မားဆုံးနှုန်းရောက်ရှိ

အီရတ်၏ ရေနံထုတ်လုပ်မှု နှစ်ပေါင်း ၂၀ အတွင်း အမြင့်မားဆုံးနှုန်းရောက်ရှိအီရတ်ရဲ့ ရေနံ ထုတ်လုပ်မှုက နှစ်ပေါင်း ၂၀ အတွင်း အမြင့်မားဆုံး နှုန်းကို ရောက်ရှိ ခဲ့တယ်လို့ သိရတယ်။ အီရတ်နိုင်ငံရှိ ဟာလ်ဖာရာ ရေနံတွင်းမှ ရေနံ ထုတ်လုပ်မှု တိုးတက်ခဲ့ရာ အီရတ်ရဲ့ ရေနံအထွက်တိုးခြင်းဖြစ်တယ်။ ယခုဇွန်လအတွင်း တစ်ရက်ကို စည်ပေါင်း ၃ ဒသမ ၀၇ သန်းကျော် ထုတ်လုပ်နိုင်ခဲ့ရာ မေလအတွင်းတစ်ရက် ထုတ်လုပ်တဲ့စည်ပေါင်း ၂ ဒသမ ၉၂ သန်းထက်ပိုမိုတယ်လို့ အီရတ်ရဲ့ စွမ်းအင်ရေးရာ ဒုတိယ၀န်ကြီးချုပ်က ပြောကြားတယ်။

နိုင်ငံတွင်းရှိ အခြားသော ရေနံတွင်းတွေကိုဖွံ့ဖြိုးတိုးတက်အောင် ပြုပြင်အပြီး ယခုနှစ် ကုန်ပိုင်းမှာ တစ်ရက်ကို စည်ပေါင်း ၃ ဒသမ ၄ သန်းအထိထုတ်လုပ်နိုင်မယ် ရည်မှန်းထား တဲ့အပြင် လာမယ့်နှစ်နှစ်အတွင်း တစ်ရက်ကို စည်ပေါင်း ၄ သန်း အထိ ထုတ်လုပ်နိုင်မယ် မျှော်မှန်းကြောင်း အီရတ်နိုင်ငံပိုင် Missan Oil Co., မှ ညွှန်ကြားရေးမှူးချုပ်က ပြောကြားခဲ့ တယ်။

Source:Bloomberg, ပပ

Commerce Journal

ကြော်ငြာများ