YOYARLAY

နှစ်သိန်းနှင့် နှစ်သိန်းခွဲ ဖုန်းကဒ်များ ဈေးကွက်အတွင်းအရောင်းအေး

နှစ်သိန်းနှင့် နှစ်သိန်းခွဲ ဖုန်းကဒ်များ ဈေးကွက်အတွင်းအရောင်းအေးမြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း မှ ချထား ပေးသည့် ၄၂၀ဝ၊ ၄၂၁၀ ဟု လူသိများသည့် နှစ်သိန်းနှင့် နှစ်သိန်းခွဲတန် ဖုန်းကဒ်များမှာ မိုဘိုင်းဈေးကွက် အတွင်း ဝယ်ယူ သူနည်းပါးလျက်ရှိကြောင်း အဆိုပါ ဖုန်းကဒ်များကို တစ်ဆင့်ပြန်လည် ရောင်းချပေးနေသည့် မိုဘိုင်းအ ရောင်းဆိုင်များမှ သိရသည်။

အဆိုပါ နှစ်သိန်းတန်ဖုန်း ကဒ်များ ယခုဇူလိုင်မှ စတင်၍ ဈေးကွက်အတွင်းအရောင်းအဝယ် အေးလျက်ရှိပြီး ယခုလ ဇူလိုင်လ မှစ၍ မြန်မာ့ဆက်သွယ်ရေးလုပ် ငန်းမှ ပြန်လည်ချထားပေးသည့် CDMA 800 MHz ဖုန်းများကြောင့် လည်း အရောင်းအေးလျက်ရှိ ကြောင်း မိုဘိုင်းအရောင်းဆိုင်များ မှ တညီတညွတ်တည်းပြောကြား ချက်အရ သိရသည်။

GreenLine မိုဘိုင်းအ ရောင်းဆိုင်မှ ဆိုင်ပိုင်ရှင် ကိုလှိုင် ထွေးက “နှစ်သိန်းတန်ဖုန်းကဒ် တွေဈေးကွက်ထဲမှာ ရောင်းအား နည်းသွားတယ်။ အရင်က လောက်တော့ မရောင်းရတော့ ဘူး။ တစ်နေ့ကို ၃၊ ၄ ကဒ် လောက်ပဲ ရောင်းရတော့တယ်။ အခု 732 ဖုန်းကဒ်တွေ ပြန်ချပေး ထားတာ၊ အခုအဲဒီ 732 ဖုန်းတွေ နည်းနည်းတော့ ပြန်ရောင်းနေရ တယ်။ နှစ်သိန်းတန်ဖုန်းတွေ အခု တော့ အရောင်းနည်းသွားပြီး ဈေးကွက်ထဲမှာလည်း ပစ္စည်းပြတ်နေ တယ်”ဟုပြောသည်။

Talky Mobile အရောင်း ဆိုင်မှ မန်နေဂျာကိုစိုင်းက “အခု က ဆိုင်မှာက 732 ကဒ်တွေ ပြန် ရောင်းပေးနေရတယ်။ ဒီပြင်ဆိုင် တွေတော့ မပြောတတ်ဘူး။ အရင် နှစ်သိန်းဖုန်းတွေတော့ အရောင်း နည်းတယ်။ လာမေးတဲ့လူလည်း နည်းသွားတယ်။ အရင်ကလိုတော့ တစ်နေ့ကို ၁၀ ကဒ်တော့မရောင်းရတော့ဘူး။ အနည်းဆုံးကတော့ ၂ ကဒ်လောက်ပဲ ရောင်းရတယ်”ဟု ပြောသည်။

၎င်းနှစ်သိန်းတန် ဖုန်းကဒ်များ ကို မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း မှ ဧပြီလ ၉ရက်နေ့တွင် ရန်ကုန် ၌ စတင်ရောင်းချခွင့်ပြုခဲ့သည်။ စတင်ချထားပေးသည့်အချိန်တွင် နှစ်သိန်းတန်ဖုန်းကဒ်များမှာ ကဒ် ပြတ်လပ်သည့်အထိ ရောင်းအား ကောင်း၍ ဈေးနှုန်းများလည်းမြင့်တက်ခဲ့သည်။ အဆိုပါ နှစ် သိန်းတန်ဖုန်းကဒ်များ ဈေးကွက် အတွင်း အရောင်းအဝယ်နည်း ခြင်းမှာ 732 ဖုန်းများ ပြန်လည်ချ ထားပေးခြင်း အပါအဝင် နောက် ထပ်ဈေးနှုန်းလျှော့ချမည့် ဖုန်းလိုင်း များထပ်မံချထားပေးမည် ဆိုသည့် သတင်းများကြောင့်ဖြစ်သည်ဟု မိုဘိုင်းဆိုင်များ၏ ပြောကြားချက် အရသိရသည်။

စောရည်နန္ဒာ

Mobile Guide

ကြော်ငြာများ