YOYARLAY

တရုတ် နယ်စပ်မှ တစ်ဆင့် အရောဆီများ တရားမ၀င် ၀င်ရောက်

တရုတ် နယ်စပ်မှ တစ်ဆင့် အရောဆီများ တရားမ၀င် ၀င်ရောက် ရှမ်းပြည်နယ်

(မြောက်ပိုင်း) ဒေသအတွင်းသို့ တစ်ဖက်နိုင်ငံ(တရုတ်ပြည်သူ့သမ္မတနိုင်ငံ)မှ တရားမ၀င် လိုင်စင်မဲ့စားသုံးဆီများ ၀င်ရောက်လာပြီး ယင်းဆီများကို စစ်ဆေးရာ ဆီအရောများကို ပြန်လည်ပြုပြင်ထားသော ဆီများဖြစ်နေသည်ကို တွေ့ရှိရကြောင်း ယနေ့ထုတ်နိုင်ငံပိုင်မီဒီယာများတွင် တရားဝင်ဖော်ပြထားသည်။

ဈေးကွက်အတွင်းသို့ ၀င်ရောက်လာသော ဆီများကို ပြည်ထောင်စုကုန်ဈေးနှုန်း တည်ငြိမ်ရေးကော်မတီက စစ်ဆေးခဲ့ရာ တစ်ဖက်နိုင်ငံ ဆီစက်များ၏ ဘေးထွက်ဆီများနှင့် ကြော်ပြီး ဆီများကို အအေးခံ စုစည်းကာ ပြန်လည် သန့်စင်ချက်လုပ်သော ဆီများဖြစ်ကြောင်း၊ ယင်းဆီများကို ပဲဆီအနံ့ထွက်စေသည့် အရည်တစ်မျိုး ရောစပ်ပြီး ပဲဆီအဖြစ် ရောင်းချနေခြင်းဖြစ်ကြောင်း အဆိုပါကော်မတီ၏ သတင်းတစ်ရပ်အရ သိရသည်။

ယင်းဆီများကို စားသုံးရန် သင့်တော်ခြင်း ရှိမရှိ စစ်ဆေးနိုင်ရေး ကျန်းမာရေးဦးစီးဌာန အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန၊ မြန်မာနိုင်ငံ စိုက်ပျိုးရေးအခြေခံ စားသောက်ကုန်အသင်း၊ မြန်မာ့လယ်ယာထွက်ကုန် ပစ္စည်းရောင်းဝယ်ရေး၊ ရိတ်သိမ်းချိန်လွန် နည်းပညာ အသုံးချဌာနတို့ရှိ ဓာတ်ခွဲခန်းများသို့ နမူနာများ ပေးပို့ခဲ့ရာ ဓာတ်ခွဲစမ်းသပ်စစ်ဆေးတွေ့ရှိချက်နှင့် Gas Chromatography စက်ဖြင့် စမ်းသပ်စစ်ဆေးတွေ့ရှိချက်များအရ မည်သည့်စားသုံးဆီအမျိုးအစားနှင့်မျှ ကိုက်ညီမှုမရှိကြောင်းနှင့် အသုံးပြုပြီး ဆီအရောများကို ပြန်လည်ပြုပြင်ထားသော ဆီများဖြစ်သည်ကို စစ်ဆေးတွေ့ရှိရကြောင်း နိုင်ငံပိုင်မီဒီယာများတွင် ဖော်ပြထားသည်။

The Voice Journal

ကြော်ငြာများ