YOYARLAY

အပ်ကားများအဝယ်လိုက် ဈေးတက် သော်လည်း အပေါ်ကားများ ဈေးကျ

အပ်ကားများအဝယ်လိုက်ဈေးတက်သော်လည်း အပေါ်ကားများဈေးကျရန်ကုန်ဈေးကွက်အတွင်း အပ် နှံရမည့်ကားများ အဝယ်လိုက်၍ ဈေးနှုန်းအ နည်းငယ် ပြန်တက်လာ သော်လည်း ပြည်ပမှအသစ်ဝင် ရောက်လာသော ကားများ ဈေးနှုန်း ကျဆင်းမှု ရှိနေကြောင်း ရန်ကုန် ကားဈေးကွက် အတွင်းမှသိရသည်။

အပ်နှံရမည့်ကားများ အဝယ် လိုက်နေခြင်းသည် မော်တော်ယာဉ် အရောင်းစင်တာဖွင့်ခွင့် ရထားသူ များက အဆိုပါကားများ အား လိုက်လံဝယ် ယူနေခြင်းကြောင့်ဖြစ် ကြောင်း၊ အပေါ်ကားများဈေးနှုန်း ကျဆင်းသွားခြင်းသည် ပြည်ပမှ ယခုဈေး ကွက်အတွင်းရှိကားများ ထက် မော်ဒယ်မြင့်ကားများ ဝင် ရောက်လာမည် ဖြစ်သောကြောင့် ရှေ့ကားများ ကို ငွေပေါ်အောင် ထုတ်ရောင်းနေခြင်းကြောင့် ဖြစ် ကြောင်း သာကေတ မြို့နယ် မှ ကားပွဲစား ဦးဝင်းက ပြောသည်။

"ဒ"တွေကလက်ရှိ အပ်နေရပြီ။ ၁၂၇ သိန်း လောက်ကနေ ၁၃၅ သိန်းဖြစ်သွားတယ် "ဓ၊ န"၊ တွေ ၁၂၂ သိန်းလောက်ကနေ ၁၂၈ သိန်း၊ သိန်း ၁၃၀ လောက်တက် သွားတယ်၊ ဈေးကွက်ထဲမှာ အပ် ကားတွေ အရောင်းအဝယ်ဖြစ် တယ်။ ခုရောင်း၊ ခုဝယ် အနေ အထားပဲ" ဟု အဆိုပါဝါရင့် ကားပွဲ စားမှ ပြောကြားသည်။

ထိုကဲ့သို့ အပ်ကားများဈေးနှုန်း တက်သွားလည်း အသစ်ဝင်ရောက် လာသည့် မတ်တူးရွှေငါးများမှာ ယခင်ပေါက်ဈေးထက် သိန်း ၄၀ ခန့် ဈေးနှုန်းကျဆင်း သွားကြောင်း၊ ဈေးကွက်အတွင်း သိန်း ၃၈၀ ခန့် ဈေးရှိသော ဟာရီယာကား များမှာ လည်း ယခုအခါ သိန်း ၃၄၀ ခန့် သာရှိတော့ကြောင်း၊ ဝယ်လက်များ က မော်ဒယ်မြင့်ကားများ ထပ်မံ ဝင်ရောက်လာမည်ကို စောင့်နေကြ သောကြောင့် သိန်း ၃၆၀ ခန့် ပေါက်ဈေးရှိသော မတ်တူးရွှေငါး များကိုပင် သိန်း ၃၀ဝ အောက်ဖြင့် ဈေးချရောင်းမှုများ ရှိနေကြောင်း ဟံသာဝတီကားဈေးကွက်မှ ကား ပွဲစားများက ပြောသည်။

အပေါ်ကားများဈေးနှုန်းသည် ယာဉ်အိုယာဉ်ဟောင်း အပ်နှံမှုများ ရပ်တန့်သွားပါက ဈေးနှုန်းပြန်လည် တက်လာနိုင်ကြောင်း၊ လက်ရှိ ဈေး ကွက်အတွင်း၌ ပါမစ်တစ်စောင် လျှင် သိန်း ၁၄၀ ဝန်းကျင်ဖြင့် အ ရောင်းအဝယ်ဖြစ်နေကြောင်း၊ အ ပေါ်ကားဈေးကွက်သည် ဈေးနှုန်း ကျဆင်းနေသော် လည်း ရောင်းကား များပြီး ဝယ်သူရှားနေကာနယ် အ ဝယ်သာ ပုံမှန်ရှိကြောင်းသိရသည်။

ENVOY

ကြော်ငြာများ